နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးအာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု ပိုင်ဆိုင်ခြင်းပင်ဖြစ်



နေပြည်တော်   ဒီဇင်ဘာ   ၂၄


ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော် တပ်မတော်(ရေ)၏ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင်  နိုင်ငံတော်၏   ရေကြောင်းဆိုင်ရာ      အကျိုးစီပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွား ရေးဇုန်အား အပြည့်အဝကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် စစ်ရေယာဉ်များ   တပ်တော်ဝင် ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင် ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်  ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊  ပြည်ထောင်စုဝန်ကြီး များနှင့်  ဇနီးများ၊  မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV၊ ရုရှားတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral IGOR MUKHAMETSHIN နှင့်အဖွဲ့ဝင်များ၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊   ရန်ကုန်တိုင်းဒေသကြီး     ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊   မိသားစုများ၊ ဖိတ်ကြားထား သည့်    ဧည့်သည်တော်ကြီးများ   တက်ရောက်ကြသည်။


အခမ်းအနား   အစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ)     ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်    ပတ်သက်သော စာရွက်စာတမ်းများကို လည်းကောင်း၊ ပမ္မဝတီ ရေတပ် စခန်းဌာနချုပ်မှူးက မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့  ညွှန်ကြားရေးမှူးချုပ်ထံ တပ်မတော်(ရေ)မှ လွှဲပြောင်းပေးအပ်သည့်  စစ်ရေယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လည်းကောင်း လွှဲပြောင်းပေးအပ်ကြသည်။


ယင်းနောက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့  ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များနှင့် (၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့မှ     (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(ရေ)နေ့အထိ ၁၁    နှစ်တာ   ကာလအတွင်း တပ်တော်ဝင်၊   တိုးတက်ဖွဲ့စည်း ခဲ့သည့်     စစ်ရေယာဉ်များ၏ အထိမ်းအမှတ်တံဆိပ်ကို  ဂါရဝပြုပေးအပ်သည်။


ဆက်လက်၍   စစ်ဦးစီးအရာရှိ ချုပ်(ရေ)က  တပ်တော်ဝင် စစ်ရေ ယာဉ်များအဖြစ်   ကြေညာခြင်း၊ နိုင်ငံတော်အလံ  လွှင့်တင်ခြင်း၊ တပ်မတော်(ရေ)  အလံလွှင့်တင် ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊   ခေါင်းလောင်း  ရှစ်ချက်တီး ခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များကို       အစီအစဉ်အတိုင်း ဆောင်ရွက်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည်  တပ်တော်ဝင်  စစ်ရေ ယာဉ်များဖြစ်သော အမြန်သွား ကင်းလှည့်ရေယာဉ် နှစ်စင်း အပါအဝင်  တပ်ဖွဲ့တင်ကမ်းထိုး ရေယာဉ်နှစ်စင်းနှင့်     ရေသယ်ရေယာဉ် တစ်စင်း၊ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်သည့်    တပ်တော်ဝင်သော ရေယာဉ်များနှင့်    ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ) တို့ကို လှည့်လည်ကြည့်ရှုကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့်   ဧည့်သည်တော်များနှင့်အတူ     မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။


ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် စစ်ရေယာဉ် (မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှ    ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူနေစဉ်စစ်ရေယာဉ် (ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့က အမြောက် ၂၁ ချက်  ပစ်ဖောက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။    ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေး     ဦးစီးချုပ်အား ဖရီးဂိတ်စစ်ရေယာဉ်(အောင်ဇေယျ) ဦးဆောင်သော  ဖရီးဂိတ်စစ်ရေ ယာဉ်(ကျန်စစ်သား)၊ ဖရီးဂိတ်စစ်ရေ ယာဉ်(ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေ ယာဉ်(တပင်ရွှေထီး)၊      ကမ်းလွန် ကင်းလှည့်ရေယာဉ် (အင်းလေး)နှင့် မြန်မာနိုင်ငံ  ကမ်းခြေစောင့် တပ်ဖွဲ့မှ   အမြန်သွား   ကင်းလှည့် ရေယာဉ်တို့က  Single Line Formation ပုံစံဖြင့်လည်းကောင်း၊ အမြန်သွား တိုက်ခိုက်ရေးရေယာဉ်  ရှစ်စင်းတို့က Line Abreast  ပုံပြု ပုံစံများဖြင့်လည်းကောင်း   ပုံပြု မောင်းနှင်ပြီး   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော် ကာကွယ်ရေး      ဦးစီးချုပ်အား  ချီတက်အလေးပြုကြသည်။


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံသို့  ကာကွယ်ရေးဦးစီးချုပ်(ရေ)  က ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့်     ပထမဆုံး   အမြောက်ကျည်ဆန်ခွံအား အထိမ်းအမှတ် လက်ဆောင်အဖြစ်     ဂါရဝပြု ပေးအပ်သည်။


ဆက်လက်၍      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က  ဂုဏ်ပြု မောင်းနှင်   ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင်     ရေယာဉ် များ တည်ဆောက်ခဲ့ချိန်တွင်   ပါဝင် ဆောင်ရွက်ခဲ့သည့်       အရာရှိ၊ စစ်သည်များအတွက်  ဂုဏ်ပြု မှတ်တမ်းလွှာ၊  ဂုဏ်ပြုချီးမြှင့်ငွေ များနှင့်  လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ   တာဝန်ရှိသူများက လက်ခံရယူကြသည်။  


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တပ်မတော်(ရေ)၏ (၇၅)နှစ် မြောက်      စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့  အခမ်းအနား      ဖြစ်သကဲ့သို့     တပ်မတော်(ရေ)အတွက်  ပဉ္စမနှင့်  ဆဋ္ဌမမြောက်   Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်များ  အပါအဝင်  စစ်ရေ ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်း အနားဖြစ်ပြီး တပ်မတော်အတွက် ထူးခြားလေးနက်သည့် စွမ်းအား တစ်ရပ်ကို  ထပ်မံဖြည့်ဆည်းပေး နိုင်သည့်    နေ့တစ်နေ့ပင်ဖြစ် ကြောင်း၊    ထို့ပြင်     ပြည်ပမှ    နည်းပညာ      လွှဲပြောင်းခဲ့ပြီး တပ်မတော်(ရေ)က    ကိုယ်တိုင် တည်ဆောက်ခဲ့သည့်  အမြန်သွား ကင်းလှည့်ရေယာဉ်      နှစ်စင်း အပါအဝင်      တပ်ဖွဲ့တင်ကမ်းထိုး ရေယာဉ်  နှစ်စင်းနှင့်  ရေသယ် ရေယာဉ် တစ်စင်းတို့ကို အောင်မြင် စွာ တပ်တော်ဝင်နိုင်ခဲ့ကြောင်း။


တပ်မတော်(ရေ)ကို      ယခင်က စစ်ရေယာဉ်(မေယု)ဖြင့်   စတင် ခဲ့ပြီး    ၁၉၉၀   ပြည့်နှစ်မှစ၍ အဆင့်ဆင့်    ပြောင်းလဲတိုးတက် လာခဲ့ကာ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များမှတစ်ဆင့်  ကိုယ်ပိုင် ဒီဇိုင်းရေးဆွဲပြီး      ကိုယ်တိုင် တည်ဆောက်နိုင်သည့်   စစ်ရေ ယာဉ်များအဖြစ်      တိုးတက် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊   လွန်ခဲ့ သည့် (၇၅)နှစ်ကစပြီး အဆင့်ဆင့် တည်ဆောက်လာခဲ့သည်မှာ ယခု အခါ ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ် များကို ကိုယ်တိုင်တည်ဆောက်ပြီး တိုက်ပွဲဝင်နိုင်စွမ်းအဆင့် ရောက်ရှိ အောင် မိမိတို့ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း။


နိုင်ငံတော်၏    အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံး      အာမခံချက်မှာ စွမ်းရည် ထက်မြက်သည့် ကာကွယ် ရေးအင်အားစု     တည်ဆောက် ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို တည်ဆောက် ရာတွင်  အဆင့်လိုက်  မျှော်မှန်း ချက်များ ချမှတ်ဆောင်ရွက်လျက် ရှိရာ     ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်    သီးသန့် စီးပွားရေးဇုန်အထိ   အပြည့်အဝ ကာကွယ်နိုင်သည့်   သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင် အသင့်ရေတပ်(Three Dimensio-nal  Combat  Ready  Navy)အဆင့်သို့      ရောက်ရှိနေပြီဖြစ် ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ် ပြင်များသို့  အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regio-nal Navy)အဖြစ် တည်ဆောက် လျက်ရှိကြောင်း၊ ရေရှည်မျှော်မှန်း ချက်အနေဖြင့် မိမိအကျိုးစီးပွား များ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ်    မျှော်မှန်းတည်ဆောက် သွားမည်ဖြစ်ကြောင်း။


ရေယာဉ်များ    တည်ဆောက် ဖြည့်တင်းခြင်း     လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေတပ် သင်္ဘောကျင်း       ဌာနချုပ်ကို အဆင့်ဆင့်      အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊   ရေယာဉ် တည်ဆောက်မှု     အတွေ့အကြုံ များပြားလာသည်နှင့့်အမျှ အရည် အသွေးများ       ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ကြောင်း၊ စွမ်းရည် ထက်မြက်သည့် တိုက်ပွဲဝင်စစ်ရေ ယာဉ်များ    ဖြစ်စေရေးအတွက် စစ်ရေယာဉ်    တစ်စင်းချင်းစီ၏ စွမ်းဆောင်နိုင်မှုများ    တိုးတက် ကောင်းမွန်လာစေရေး ဆက်လက် ကြိုးပမ်း တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊  ထိုသို့  စစ်ရေယာဉ် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် (ရေ)မှ  တာဝန်ရှိသူများ၊  အင်ဂျင် နီယာများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်အားလုံးကို      ချီးကျူး မှတ်တမ်းတင် ဂုဏ်ပြုကြောင်း။


တစ်ဖက်တွင်လည်း    ဒုတိယအဆင့်     မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်    ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် ရေတပ်(Adjacent Force Proje-ction Navy/Regional Navy) ဖြစ်ရန်  ပင်လယ်ပြင်တွင်   ရေရှည် ရပ်တည်နိုင်စွမ်းရှိပြီး   တိုက်စွမ်း အားပြည့်ဝသည့် စစ်ရေယာဉ်ကြီး များရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ ဒုတိယအဆင့်   ရည်မှန်းချက်ကို ပြည့်မီရန်    ဒေသတွင်း  အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့်  စစ်ရေ ယာဉ်ကြီးများကို     ဆက်လက် တည်ဆောက်သွားရမည်ဖြစ်ကြောင်း။


ရေပြာသမုဒ္ဒရာများဆီသို့

မိမိတို့နိုင်ငံသည် ပင်လယ်ပြင် အကျယ်အဝန်း   စတုရန်းရေမိုင် ၁၄၀ဝ၀ဝ ကျော်ရှိပြီး ကမ်းရိုးတန်း အရှည် ရေမိုင် ၁၃၀ဝ ခန့်ရှိသည့် အတွက် ဆိပ်ကမ်းကြီးများနှင့် ပင်လယ်ပြင် ဆက်သွယ်ရေးလမ်း ကြောင်း(Sea Line of Communi-cation)များကို    အပြည့်အဝ အသုံးချပြီး  သမုဒ္ဒရာဖြတ်ကျော် ရေကြောင်းကုန်သွယ်မှုလုပ်ငန်း (Seaborne Trade)များကို ထိထိ ရောက်ရောက်     ဖော်ဆောင်ရန် အခွင့်အလမ်းများ    ရှိကြောင်း၊ မိမိတို့နိုင်ငံ၏    ရေကြောင်းဆိုင်ရာ အမျိုးသား    အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တတိယအဆင့်  ရေရှည်မျှော်မှန်း ချက်ဖြစ်သည့် မိမိတို့၏ အကျိုး စီးပွားများရှိရာ   ရေပြာသမုဒ္ဒရာ များဆီသို့     အင်အား ပို့လွှတ်နိုင်သည့် ရေတပ်(Blue Water Navy Ambition)အဖြစ်  အဆင့်လိုက် မျှော်မှန်း တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ ရည်မှန်းချက် အဆင့်တိုင်းကို အကောင်အထည်ဖော်ဆောင်နိုင်ရန်  တိုက်စွမ်းရည် မြင့်မားသည့် စစ်ရေယာဉ်ကြီးများ      လိုအပ်သကဲ့သို့  ယခုစစ်ရေယာဉ်ကြီးများကို ကိုင်တွယ်မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ်စစ်သည်တော်များ    ဖြစ်စေရေး အမြဲတမ်း လေ့ကျင့်နေရန် လိုအပ်မည်ဖြစ်ကြောင်း။


တိုက်စွမ်းရည်   ပြည့်ဝစေရန်အတွက်  တိုက်ပွဲဝင်စစ်ရေယာဉ် များတွင် တာဝန်ထမ်းဆောင်မည့် စစ်သည်တော် များကိုလည်း အရည်အချင်းပြည့်ဝသည့် စစ်သည်တော် ကောင်းများဖြစ်အောင်   ပြုစုပျိုးထောင်   လေ့ကျင့်ပေးလျက်ရှိ ကြောင်း၊   ထိုသို့   လေ့ကျင့်သည့်အခါတွင်    တစ်ဦးချင်း  အရည်အချင်း  တိုးတက် စေရန်အတွက် ပြည်တွင်းသင်တန်းများ၌ ထူးချွန်စွာ အောင်မြင်ကြသည့် အရာရှိ၊ စစ်သည်များကို  ပြည်ပနိုင်ငံများ သို့ စေလွှတ်တက်ရောက်စေလျက် ရှိရာ  ရုရှား၊  တရုတ်၊  အိန္ဒိယ စသည့်နိုင်ငံများအပါအဝင် နိုင်ငံ အများအပြား သို့ အရာရှိ၊ စစ်သည်များ စေလွှတ်တက်ရောက်စေခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှ စတင် ပြီး  ပြည်တွင်း၌လည်း  Mobile Training Team နည်းပြများအား ခေါ်ယူ    သင်ကြားစေလျက်ရှိရာ အရာရှိ၊ စစ်သည် အများအပြားကို  လေ့ကျင့်သင်ကြား    ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊   ရေတပ်သားများ လေ့ကျင့်ရေးဆိုင်ရာ   တိုးတက် မြင့်မားစေရန်အတွက် လေ့ကျင့် ရေး  သင်ထောက်ကူ  Simulator နှင့် Trainer များ ဖြည့်ဆည်းပေး ခြင်း၊  လေ့ကျင့်ရေးအထောက် အကူပြု      အဆောက်အအုံများ တိုးချဲ့တည်ဆောက်ပေးခြင်းတို့ ကို ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ အဖွဲ့လိုက်စွမ်းရည်   တိုးတက်စေရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း များ၊ Sea Shield လေ့ကျင့်ခန်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့်    ပူးတွဲကင်းလှည့်မှု လေ့ကျင့်ခန်းများ၊      ပြည်ပနိုင်ငံ များနှင့် ရေကြောင်းလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ခန်းများကို နှစ်စဉ်ပုံမှန် ဆောင်ရွက်စေ လျက်ရှိကြောင်း၊ ထိုသို့   ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံတကာ ရေတပ်များနှင့် ချစ်ကြည်ရင်းနှီးမှု    ပိုမိုတိုးတက် စေသကဲ့သို့ တပ်ဖွဲ့အချင်းချင်း အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ အပြန်အလှန် ယုံကြည်မှုရရှိစေနိုင်ခြင်း၊     ပင်လယ်ပြင်   တာဝန် ထမ်းဆောင်နိုင်မှု    အတွေ့အကြုံ၊ သမုဒ္ဒရာဖြတ်ကျော်    မောင်းနှင်ရသည့်  အတွေ့အကြုံ များ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေကြောင်း၊ လူ့စွမ်းအားအရင်း အမြစ်နှင့် ပတ်သက်ပြီး အမျိုးသား အရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊  စစ်သည်များကိုပါ လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ ကြောင်း၊    အမျိုးသမီး  အရာရှိ၊ စစ်သည်များကို စစ်ရေယာဉ်များ တွင် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေး များတွင်ပါ  လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း။


ယနေ့        တပ်တော်ဝင်ခဲ့သည့် Super   Dvora   အမြန်သွား ကင်းလှည့်ရေယာဉ်များကို ပြည်ပမှ နည်းပညာလွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ)   အင်ဂျင်နီယာ ပညာရှင်များကိုယ်တိုင် နည်းပညာမြင့်      တည်ဆောက်နိုင်ခဲ့သည့်  ရေယာဉ်များဖြစ်ပြီး  ရေမိုင် ၄၀ ကျော် မြန်နှုန်းမြင့်ခုတ်မောင်းနိုင်ကာ ရန်သူ့ရေတပ်ဖွဲ့ကို Swarming Tactics နှင့် ကြားဖြတ်တိုက်ခိုက် ရေး တာဝန်များကိုပါ ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ၏ ကျွန်းပေါင်း  ၁၄၀ဝ ကျော်ရှိ သည့်  ကမ်းရိုးတန်းရေပြင်တွင် မည်သည့် ကျူးကျော်မှုမျိုးကိုမဆို ကျွန်းကြိုကျွန်းကြားမှ  စစ်နည်း ဗျူဟာမြောက်     မြန်နှုန်းမြင့် မောင်းနှင်ပြီး   တားဆီးချေမှုန်း တိုက်ခိုက်နိုင်ရန်        ရည်ရွယ် တည်ဆောက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ Super Dvora တည်ဆောက်ခဲ့ သည့်   အတွေ့အကြုံများစွာရှိပြီး ဖြစ်သဖြင့်   ယခုထက်  အရွယ် ပမာဏပိုမိုကြီးမားပြီး  စွမ်းဆောင်ရည်မြင့်သည့်       သင်္ဘောမျိုး တည်ဆောက် နိုင်ရန်အတွက် ကြိုးပမ်းသွားရန်လိုကြောင်း။


မျက်မှောက်ခေတ် ကြုံတွေ့နေရသည့် စစ်ဆင်ရေး  သဘောသဘာဝအရ    တပ်မတော်(ရေ)အနေဖြင့် သမားရိုးကျ      စစ်ဆင်ရေးများ အတွက်    ပင်လယ်ပြင်တိုက်ပွဲ ဝင်နိုင်ရေး(Open Sea Battle)ကို ပြင်ဆင်နေရသကဲ့သို့    လက်ရှိ လုံခြုံရေး   အခြေအနေများအရ မြစ်တွင်း    စစ်ဆင်ရေးကိုလည်း အထူးအလေးထား   ဆောင်ရွက် လာရကြောင်း၊ ယခုတပ်တော်ဝင် သည့် ၂၃ မီတာ တပ်ဖွဲ့တင် ကမ်းထိုး ရေယာဉ်များကို     မြန်မာ့ရေမြေ လိုအပ်ချက်အတိုင်း   ဆန်းသစ် တီထွင်ကာ ပိုမိုတောင့်တင်းခိုင်မာ သည့်  Armor  Plate  များနှင့် တည်ဆောက်ထားခြင်း    ဖြစ်ပြီး မြစ်တွင်းစစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်ဖွဲ့တင် တိုက်ခိုက်ရေးတာဝန် များ ထမ်းဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယခု   စစ်ရေယာဉ်များပေါ်တွင် ခြေလျင်တပ်ဖွဲ့များ တင်ဆောင်ပြီး ရေကြောင်း  ပစ်ကူပေးနိုင်ရန်နှင့် ကမ်းထိုးကမ်းတက် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး  တည်ဆောက် ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊  ထို့အပြင်  စစ်ရေယာဉ် (မုတ္တမ)ပေါ်သို့     တင်ဆောင်ကာ ဘက်စုံသုံးတပ်ဖွဲ့တင်     ကမ်းထိုး ရေယာဉ်တာဝန်များကိုပါ ထမ်းဆောင်သွားနိုင်မည်    ဖြစ် ကြောင်း၊ ဧရာဝတီ၊ ချင်းတွင်းနှင့် ဧရာဝတီ     မြစ်ဝကျွန်းပေါ်ဒေသ ရှည်လျားလှသည့်   မြစ်ကြီးများ အတွင်း ရေကြောင်း လုံခြုံရေးများ၊ စစ်ဆင်ရေးများ      ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များကိုလည်း တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း။


ဟန်ချက်ညီသည့်      ရေတပ်တစ်ခု    တည်ဆောက်ရာတွင် သီးသန့်စီးပွားရေးဇုန်  ကာကွယ်နိုင်ရေး၊   ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်း     စစ်ဆင်ရေးများကိုပါ ဆင်နွှဲနိုင်ရေးအတွက်    ဖရီးဂိတ် စစ်ရေယာဉ်ကြီးများ၊  ကော်ဗက် စစ်ရေယာဉ်များ အပါအဝင် အမြန် သွားကင်းလှည့်ရေယာဉ်၊ တပ်ဖွဲ့ တင် ကမ်းထိုးရေယာဉ်၊  အုပ်ချုပ် ထောက်ပံ့ရေးရေယာဉ်များကိုပါ အချိုးအစားမျှတစွာ လိုက်လျော ညီထွေရှိအောင်    စနစ်တကျ တည်ဆောက်ပေး လျက်ရှိကြောင်း။


ပင်လယ်ပြင်သည် နိုင်ငံတော်၏ အနာဂတ်အကျိုးစီးပွားကို ပုံဖော် နေသည့်အတွက် ပင်လယ်ပြင်ကို ကာကွယ်   စောင့်ရှောက်ရေး၌ တပ်မတော်(ရေ)၏ အဓိကတာဝန် ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ပင်လယ်ပြင်  ရေကြောင်း လုံခြုံရေးအတွက်  အဓိကအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ သည့် တပ်မတော်(ရေ)သည် ယခု အခါ (၇၅)နှစ်မြောက်စိန်ရတုသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ သမိုင်း ကြောင်းတစ်လျှောက် တပ်မတော် (ရေ)၌ တာဝန်ထမ်းဆောင်ခဲ့ကြ သည့် တပ်မတော်(ရေ)၏ ပဲ့ကိုင်ရှင်များ၊  လက်တွဲဆောင်ရွက်ခဲ့ကြသည့်    စစ်သည် တော်များ၏ ကြိုးပမ်းတည်ဆောက်ခဲ့မှု အစဉ်အလာကောင်းများကြောင့် နိုင်ငံတော်နှင့်   တပ်မတော်က အားထားရသည့်၊ ပြည်သူက အားကိုးရသည့် စွမ်းအားနှင့် စွမ်းရည်ပြည့်ဝသော ရေတပ်တစ်ခုအဖြစ်သို့   တက်လှမ်းနေပြီဖြစ်ကြောင်း။


ယနေ့အခါသမယတွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊    စစ်သည်များအနေဖြင့် ရှိရင်းစွဲ သမိုင်းအစဉ်အလာကောင်း များကို ဆက်လက်ထိန်းသိမ်းကာ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)၌       ပါဝင် ထမ်းဆောင်ခွင့်ရရှိသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အားသွန်ခွန်စိုက်   ကြိုးပမ်းထမ်းဆောင် သွားကြရန်     တိုက်တွန်းကြောင်း ပြောကြားသည်။


ဆက်လက်ပြီး      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များ သည် အမှတ်(၃)ရေတပ်ဆိပ်ခံတံတားမှ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်(ရတနာပုံ)ဖြင့်  ထွက်ခွာကြသည်။


ထိုသို့သွားရောက်စဉ်   စစ်ရေ ယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က (၇၅)နှစ်မြောက် တပ်မတော်(ရေ) စိန်ရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကိတ်လှီးခြင်းအား ဆောင်ရွက်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်   အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ)များနှင့်     ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့အား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က    (၇၅)နှစ်မြောက် တပ်မတော်(ရေ) စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်များအား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည်  ဧရာဝတီရေတပ် စခန်းဌာနချုပ်ရှိ (၇၅)နှစ်မြောက် တပ်မတော်(ရေ) စိန်ရတုနှစ်ပတ်လည်နေ့    အထိမ်းအမှတ် ပြခန်းကို   ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာအုပ်တွင် မှတ်တမ်းတင်    လက်မှတ်ရေးထိုး ကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်း   ဌာနချုပ်အလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာ အရောင်းဆိုင်များ၊ စာအုပ် အရောင်းဆိုင်နှင့် တပ်မတော်ထုတ် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုကြသည်။


ဆက်လက်၍  တပ်မတော်(ရေ)စစ်တီးဝိုင်းတပ်ဖွဲ့၏ တီးမှုတ်ဖျော်ဖြေမှုများနှင့် ပဒေသာကပွဲများ၊ တိုင်းရင်း သားရိုးရာ တေးသီချင်းအကအလှတို့ဖြင့် ဖျော်ဖြေမှုတို့ကို  ကြည့်ရှုအားပေးပြီး   ဂုဏ်ပြုပန်းခြင်းနှင့်  ဂုဏ်ပြု ဆုငွေများ  ပေးအပ်ချီးမြှင့်သည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့  အထိမ်းအမှတ် မီးရှူး မီးပန်းများ ပစ်ဖောက်ဂုဏ်ပြုမှုကို ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊   မိသားစုဝင် များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။               

သတင်းစဉ်

No comments

Powered by Blogger.