နိုင်ဂျီးရီးယားနိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၂၀ ထက်မနည်း သေဆုံး
အဘူဂျာ ဒီဇင်ဘာ ၂၀
နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း
ခရော့ရေးဗား ပြည်နယ်၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှုမှ သေဆုံးသူဦးရေ သည် လက်ရှိအချိန်အထိ
၂၀ ထက်မနည်းရှိကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ဒေသခံ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရောဂါ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်အထိ
လူပေါင်း ၃၀ ကိုဆေးရုံသို့ တင်ပို့ထားရကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ
အကြီးအကဲဖြစ်သူ ဂျနက် အီပိုယောင်းက ပြောသည်။
ထို့ပြင် ရောဂါကူးစက် ပျံ့နှံ့မှု ကာကွယ်ရန်အတွက်
ဆေးဝန်ထမ်းနှင့် သက်ဆိုင်ရာ ဆေးပစ္စည်းများကို ရောဂါဖြစ်ပွားသော နေရာများသို့ ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း
၎င်းက ဆက်ပြောသည်။ အထူးသဖြင့် လူနေထူထပ်သော နေရာဒေသများတွင် သောက်သုံးရေ လုံလောက်စွာ
မရရှိခြင်းကြောင့် နိုင်ဂျီးရီးယားနိုင်ငံ၌ ကာလဝမ်းရောဂါ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ဆင်ဟွာ
No comments