ဂျပန်နိုင်ငံ တိုဟိုကူတောင်ပိုင်းနှင့် နိဂါတာမြို့၌ နှင်းများစံချိန်တင်ကျရောက်
နိဂါတာ ဒီဇင်ဘာ ၂၀
ဂျပန်နိုင်ငံ နိဂါတာပြည်နယ်နှင့် တောင်ပိုင်း
တိုဟိုကူဒေသတို့၌ ပြင်းထန်သည့် အအေးဓာတ်များကြောင့် နှင်းများကျလျက်ရှိသည်။
နှင်းများ ပိုမိုကျရောက်လာ နိုင်ပြီး
ယာဉ်ကြောပိတ်ဆို့မှုနှင့် အခြား ပြဿနာများအတွက် အလွန်သတိ ရှိစွာ နေထိုင်ကြရန် ပြည်သူများကို
ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက သတိပေးထားသည်။ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီအထိ ရာမာဂါတာပြည်နယ်
အော့ခူရာကျေးရွာ၌ နှင်းထုမှာ ၂ ဒသမ ၂ မီတာခန့် ကျရောက်ကြောင်းနှင့် ယူအိုနူမာမြို့၌
နှင်းထုမှာ ၁ ဒသမ ၈ မီတာကျော် ကျရောက်ကြောင်း မိုးလေဝသ အာဏာပိုင်များက ပြောကြားသည်။
ဖူကူရှီးမားပြည်နယ် တာဒါမီ ဒီဇင်ဘာ
၁၉ ရက် နံနက်ပိုင်းမှ ၂၄ နာရီအတွင်း နှင်း ၁ ဒသမ ၁ မီတာ ကျရောက်ပြီး နှင်းထုမှာ ယနေ့
ညနေ ၅ နာရီအထိ ၁ ဒသမ ၆ မီတာနီးပါး ကျရောက်ကြောင်း သိရသည်။
နာဂါအိုကာမြို့၌ ၂၄ နာရီ အတွင်း နှင်းကျရောက်မှုမှာ
စံချိန်တင် ၈၉ စင်တီမီတာရှိကြောင်း သိရသည်။ နိဂါတာမြို့၌ ၂၄ နာရီအတွင်း နှင်းထုမှာ
၄၃ စင်တီမီတာ ကျရောက်ကြောင်း သိရသည်။ အဓိကအားဖြင့် ဂျပန် ပင်လယ်ကမ်းရိုးတန်းဘက်တွင်
ဒီဇင်ဘာ ၂၀ ရက်အထိ နှင်းများ ဆက်လက်ကျရောက်မည် ဖြစ်ကြောင်း မိုးလေဝသအာဏာပိုင်များက
ခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ
No comments