မလေးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် နေအိမ်စွန့်ခွာသူပေါင်း ၅၆၁၅၉ ဦးအထိ ရှိလာ
ကွာလာလမ်ပူ ဒီဇင်ဘာ
၂၁
မလေးရှားနိုင်ငံ နေရာအနှံ့အပြားတွင်
အားပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့်
ပြည်နယ်ငါးခုမှ နေအိမ် စွန့်ခွာသူပေါင်း
၅၆၁၅၉ ဦးအထိရှိလာကြောင်း ဒီဇင်ဘာ ၂၀
ရက်က အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရေကြီးရေလျှံမှုကြောင့်
အဆိုးရွားဆုံးထိခိုက်ခံစားရသည့် ဒေသများမှာ ကျွန်းဆွယ်၏ အရှေ့ဘက် ကမ်းရိုးတန်း တစ်လျှောက်ဖြစ်ပြီး
ကီလန်တန်ပြည်နယ်မှ ရေဘေးသင့်သူ ၁၇၃၂၆ ဦးနှင့် တီရန်ဂါနူပြည်နယ်မှ ရေဘေးသင့်သူ
၃၇၇၉၂ ဦးတို့သည်
ရေဘေးကယ်ဆယ်ရေးစင်တာများသို့
ရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံပိုင်သတင်းဌာန ဘာနာမာက ပြောသည်။ အဆိုပါ
ရေကြီးရေလျှံမှုကြောင့် ၁၅ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦး သေဆုံးကြောင်း
အာဏာပိုင်များက အတည်ပြုပြောသည်။ ရေကြီးရေလျှံမှု ဒဏ်ခံစားရသော ပြည်နယ်များ၏
မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေကြောင်းလည်း သိရသည်။
ရေကြီးရေလျှံမှုကြောင့်
အခြားထိခိုက်ခံစားရသည့် ပြည်နယ်များမှာ ဖဟန်း၊
ဂျိုဟာနှင့် ပီရက်ခ်တို့ဖြစ်ပြီး
လူပေါင်းရာချီကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ဆင်ဟွာ

No comments