လာအို၌ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၄၅ သန်းအထိ စံချိန်တင်ရှိလာ
ဗီယင်ကျန်း ဒီဇင်ဘာ
၂၁
လာအိုနိုင်ငံသည် ယခုနှစ် နိုဝင်ဘာလတွင် ကုန်သွယ်မှုလိုငွေ
အမေရိကန်ဒေါ်လာ ၄၅ သန်းအထိ
စံချိန်တင် ရှိကြောင်း လာအိုကုန်သွယ်ရေး ပေါ်တယ်ဝက်ဘ်ဆိုက်မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်အရ သိရသည်။
ကုန်ပစ္စည်းများ
တင်ပို့ခြင်းနှင့် တင်သွင်းခြင်း ပြုလုပ်ရာတွင်
တရုတ် - လာအို ရထားလမ်းကို အသုံးပြုသော ကြောင့် လွယ်ကူချောမွေ့မှုရှိသည့်အပြင် အချိန်ကုန်သက်သာခြင်းနှင့် ငွေကုန်ကြေးကျ သက်သာကြောင်း
ဒီဇင်ဘာ ၂၀ ရက်တွင် လာအိုကုန်သွယ်ရေး ပေါ်တယ်ဝက်ဘ်ဆိုက်၏
ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာလတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၈၃ သန်းရှိပြီး
ထိုထဲမှ အမေရိကန် ဒေါ်လာ ၅၁၉ သန်းမှာ ပို့ကုန်ဝင်ငွေဖြစ်ပြီး
အမေရိကန်ဒေါ်လာ ၅၆၄ သန်းမှာ
သွင်းကုန်ဝင်ငွေဖြစ်ကြောင်း သိရသည်။ လာအိုနိုင်ငံ၏
အဓိကပို့ကုန်များမှာ သစ်သားပျော့ဖတ်၊ ပိုတက်ဆီယမ်ဆား၊ ရွှေသတ္တုရိုင်း၊
အဝတ်အစား၊ သကြား၊ ဖိနပ်၊ ငှက်ပျောသီး စသည်တို့ဖြစ်ပြီး
အဓိကသွင်းကုန်များမှာ ဒီဇယ်၊
သံမဏိနှင့် သံထည်ပစ္စည်းများ၊ ဓာတ်ဆီ၊
ပလတ်စတစ်ထုတ်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ ကားအပိုပစ္စည်းများ စသည်တို့ဖြစ်သည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်
ထိုင်းနိုင်ငံတို့ပြီးနောက် လာအိုနိုင်ငံအတွက်
ထိပ်တန်းပို့ကုန်နိုင်ငံအဖြစ်
ဆက်လက် ရှိနေသည်။ လာအိုနိုင်ငံ၏ အဓိက သွင်းကုန်နိုင်ငံများတွင် ထိုင်း၊ တရုတ်၊ ဆွစ်ဇာလန်၊
ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သည်။
ဆင်ဟွာ

No comments