ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ထိုးနှံမှုစတင်
ဒါကာ ဒီဇင်ဘာ
၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏
မြို့တော် ဒါကာ၌ ဦးစားပေး သတ်မှတ်ထားသည့် အဖွဲ့များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး
စတုတ္ထအကြိမ်မြောက် ထိုးနှံပေးမှုကို ဒီဇင်ဘာ ၂၀ ရက်က စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးစားပေးသတ်မှတ်ထားသည့်အဖွဲ့၌ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထိပ်ဆုံးမှ လုပ်ကိုင်ဆောင်ရွက် နေသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ပါဝင်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန (ဒီဂျီအိတ်ချ်အက်စ်) ညွှန်ကြားရေးမှူးချုပ်
အာမန်ဒူလ် ကာဘီက ပြောသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို
တတိယအကြိမ်ထိုးနှံထားပြီး အသက် ၆၀
နှင့် အထက်ရှိသူများ ကိုလည်း
ယခုကာကွယ်ဆေးထိုးလှုပ်ရှားမှုတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒီဂျီအိတ်ချ်အက်စ်က
ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၀
ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်
ဖြစ်ပွားချိန်မှာစပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၂၀၃၆၉၃၈
ဦးအထိရှိပြီး ၂၉၄၃၈ ဦး သေဆုံးကြောင်း သိရသည်။ ထို့ပြင် ရောဂါ ကင်းစင်၍
ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၉၈၆၈၅၇ ဦးအထိရှိကြောင်း ကျန်းမာရေး
ဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာနက
ပြောသည်။
ယခုနှစ်
ဒီဇင်ဘာလအထိ ဘင်္ဂလားဒေ့ရှ်
နိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၃၃၉ သန်းခန့်
ထိုးနှံပေးထားပြီး ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments