တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၈၇၅၅၉ ဦးနှင့် သေဆုံးသူ ၅၆ ဦးရှိ
ဆိုးလ် ဒီဇင်ဘာ
၂၁
တောင်ကိုရီးယားနိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက် သန်းခေါင်ယံအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၇၅၅၉ ဦး စစ်ဆေးတွေ့ရှိကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင်
ကျန်းမာရေးအာဏာပိုင်များက ပြောသည်။
ထိုသို့ ကူးစက်ခံရခြင်းမှာ စက်တင်ဘာ ၁၄ ရက်နောက်ပိုင်း ၉၇
ရက်အတွင်း နေ့စဉ်ကူးစက်မှုပမာဏ အများဆုံး ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဆောင်းရာသီတွင် ကိုဗစ်-၁၉
ရောဂါ ကူးစက်မှု မြင့်တက်လာမည်ကို စိုးရိမ်လျက် ရှိနေသည်။
ထပ်မံကူးစက်ခံရသူများ အနက် ၇၄ ဦးမှာ
ပြည်ပပြန် ကူးစက်မှုဖြစ်သည့်အတွက် ပြည်ပပြန် ကူးစက်ခံရသူပေါင်း
၇၂၇၂၇ ဦးအထိ ရှိလာပြီ ဖြစ်သည်။ ရောဂါကူးစက်ခံရပြီး ပြင်းထန်သော အခြေအနေတွင်ရှိသူ
အရေအတွက်မှာ ၅၁၉ ဦး ရှိပြီး
ယခင်ရက်ကထက် ၁၆ ဦး ကျဆင်းလာကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၌
ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၅၆ ဦးရှိသည့်အတွက် သေဆုံးသူ ၃၁၄၉၀ အထိ
ရှိလာပြီဖြစ်သည်။
ဆင်ဟွာ

No comments