ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် ၁၂ ဦး သေဆုံး
အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၂၁
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ်
လက်စ်ဘယ်လာခရိုင်ရှိ ဈေးတစ်ခုတွင်
ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး အခြားသော ၁၃ ဦး
ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။
လက်စ်ဘယ်လာခရိုင်၏ ဒုတိယ
အကြီးအကဲ မူရက်ဒ်ကာဆီ၏ ပြောကြားချက်အရ အဆိုပါ
ဓာတ်ငွေ့အိုးသည် ဒီဇင်ဘာ ၁၉ ရက်က ဈေးဆိုင်တစ်ခု၌ ဓာတ်ငွေ့ ဖြည့်သွင်းရေးလုပ်ငန်းစဉ်
လုပ်ဆောင်နေစဉ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့်
အဆိုပါကြီးမားသော ပေါက်ကွဲမှုကြောင့် အနီးအနားရှိ ဈေးဆိုင်များသို့ မီးကူးစက် လောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာရရှိသူ ၂၅ ဦးအား
ကရာချိတောင်ပိုင်းဆိပ်ကမ်းမြို့ရှိ
ဆေးရုံတစ်ခုသို့ ဆေးဝါးကုသမှုခံယူရန် ညတွင်းချင်း ပို့ဆောင်ခဲ့ရာ မီးလောင်ဒဏ်ရာ ရရှိသူများအနက်မှ ၁၂ ဦးသည်
ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရရှိသူ အများစုသည် အရေးပေါ် အခြေအနေတွင် ရှိခြင်းကြောင့် သေဆုံးသူအရေအတွက် မြင့်တက် လာမည်ကို
တာဝန်ရှိသူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။ ဈေးဆိုင်အတွင်း သိုလှောင်ထားသည့် အခြားသော
ဓာတ်ငွေ့အိုးများလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဘေးချင်းကပ်ဈေးဆိုင် လေးဆိုင်နှင့် အနီးအနားတွင် ရပ်နားထားသည့် မော်တော် ယာဉ် ၁၂
စီး ပျက်စီးခဲ့ကြောင်း
သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်

No comments