ကျောက်ကြီးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

 



ကျောက်ကြီး ဒီဇင်ဘာ ၂၈


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများအား မြို့နယ်အားကစားကွင်းတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ကျင်းပခဲ့သည်။


အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ် အားကစားကွင်း၌ မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ကုလားထိုင်လုပြိုင်ပွဲ၊ ခါးကုန်းခုန်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများအား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ စိတ်အပန်းပြေစေရန်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား အောက်မေ့သတိရစေရန် ရည်ရွယ်ပြီး ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။


ဆက်လက်ပြီး အားကစားပြိုင်ပွဲများတွင် ပြိုင်ပွဲအလိုက် ဆုများရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီမြှင့်ပေးကြပြီး၊ ၂၀၂၃  ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ကျောင်းဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား (၈၀၀) ခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


ကိုသားကြီး (ကျောက်ကြီး)




No comments

Powered by Blogger.