ရေရှည်စီမံဆောင်ရွက်သွားရမည့် အမျိုးသားအားကစားအဆင့်မြင့်မားရေး



ဒီဇင်ဘာ ၂၈


အားကစားသည် လူတစ်ဦးချင်းစီအတွက် ကိုယ်ခန္ဓာအရ ရော စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာကြံ့ခိုင်စေသကဲ့သို့ နိုင်ငံ   တစ်နိုင်ငံအနေဖြင့်ဆိုလျှင်လည်း      အားကစား အောင်မြင်မှုက နိုင်ငံ၏ ဂုဏ်သိက္ခာကို မြင့်မားစေသည်။ နိုင်ငံကို ကိုယ်စားပြု   ယှဉ်ပြိုင်ရသည့်   အားကစားပြိုင်ပွဲ များတွင်  ယှဉ်ပြိုင်သူ အားကစားသမားနှင့်တကွ ကြည့်ရှု အားပေးသည့်  နိုင်ငံသူ  နိုင်ငံသားအားလုံးတို့တွင်  နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေး စရိုက်လက္ခဏာများ နိုးကြားတက်ကြွလာစေသည်ကို  မကြာသေးမီက  ပြီးစီး ခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများ၌  မျက်ဝါးထင်ထင်  တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။

“အားကစားမြှင့်တင် ဆောင်ရွက်ပေးခြင်းသည် နိုင်ငံ တော်ကို  ကာကွယ်စောင့်ရှောက်နေခြင်းနှင့်  လူငယ်များ၏ စိတ်ဓာတ် (Mind Set) ကို   ပြုပြင်ပေးခြင်းပင်ဖြစ်သဖြင့် နောင်လာမည့် ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေး အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြစေလို ကြောင်း”  ဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်   ယမန်နှစ်  ဒီဇင်ဘာလ  ၂၆  ရက်က  အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)  သုဝဏ္ဏသို့  သွားရောက်ကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   ဦးတည်ချက် (၉)  ရပ်တွင်  “တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး” ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်ကို ပြဋ္ဌာန်းထားပြီး မြန်မာ့ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင် ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ အားကစားကဏ္ဍသည် အဘက်ဘက်မှ  မြှင့်တင်ပေးရန်လိုအပ်လျက်ရှိပြီး မြန်မာ့အားကစားအဆင့် အတန်း မြင့်မားလာရေးအတွက် အဆင့်လိုက် ရည်မှန်းချက် ပန်းတိုင်များ  ချမှတ်ကာ  ရေရှည်အစီအမံများဖြင့်  တစိုက် မတ်မတ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ အားကစားနည်း များအလိုက်   အားကစားသမားများ     စဉ်ဆက်မပြတ် ပေါ်ထွက်လာရေး၊   အရည်အချင်းပြည့်ဝသော  နည်းပြများ   ပြုစုပျိုးထောင်ရေး၊ ခေတ်မီနည်းစနစ်များ၊ စက်ကိရိယာ များဖြင့် သိပ္ပံနည်းကျလေ့ကျင့်ပေးရေး၊   အုပ်ချုပ်ထောက်ပံ့ မှုများ အားကောင်းရေးတို့အတွက် အားကစားကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ပြုလုပ်သွားရန် လိုအပ်မည် ဖြစ်သည်။    ထို့အပြင်    အားကစားနည်းများအလိုက် ပြည်တွင်းပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပရေး၊ ပြည်ပ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရေးတို့ကို နိုင်ငံတကာ အဆင့်မီ အားကစားသမားများ ပေါ်ထွက်လာရေးအတွက် ဟူသော  ဦးတည်ချက်ဖြင့်  ဆောင်ရွက်သွားရန်၊  နိုင်ငံ့ ဂုဏ်ဆောင်   အားကစားသမားများ     ဘဝအာမခံချက်   ခိုင်မာရေး   ဆောင်ရွက်ပေးရန်တို့ကိုလည်း   ဖြည့်ဆည်း ရမည်ဖြစ်သည်။

အားကစားကဏ္ဍ အောင်မြင်မှုသည် နိုင်ငံ၏ အောင်မြင်  မှုနှင့် ထပ်တူပင်ဖြစ်ရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး မှသည် အမျိုးသားအားကစားအဆင့်အတန်း တိုးတက် မြင့်မားရေး၊   ပြည်တွင်းပြိုင်ပွဲများမှသည်    ဒေသတွင်း နိုင်ငံများနှင့် အဆင့်အတန်းမြင့်မားစွာ ယှဉ်ပြိုင်နိုင်ရေး၊ အနာဂတ်ကာလတွင် အာရှအဆင့်၊ ကမ္ဘာ့အဆင့်တို့အထိ ထိုးဖောက်ရောက်ရှိ   အောင်မြင်နိုင်ရေးတို့ကို    ရေရှည် ရည်မှန်းချက်ဖြင့် ပန်းတိုင်အဆင့်ဆင့် ချမှတ်ဆောင်ရွက် ကြရပါမည့်အကြောင်း။           ။


မြန်မာ့အလင်း

No comments

Powered by Blogger.