မြန်မာနိုင်ငံစာရေးဆရာအသင်း တောင်ဥက္ကလာပမြို့နယ်၏ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ



ရန်ကုန်   ဒီဇင်ဘာ  ၂၄


မြန်မာနိုင်ငံ စာရေးဆရာအသင်း တောင်ဥက္ကလာပမြို့နယ်   (၂၅)ကြိမ်မြောက်    ငွေရတုသဘင် သက်ကြီး စာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်  ၈ နာရီခွဲတွင်    တောင်ဥက္ကလာပ မြို့နယ် ဥက္ကလာပစေတီရှိ  မဟာ မုနိဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။


အခမ်းအနားတွင်  မြန်မာနိုင်ငံ စာရေးဆရာအသင်း တောင်ဥက္ကလာပမြို့နယ် အသင်းဥက္ကဋ္ဌ ဦးမြကျော်က    ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က    မုဒိတာ စကားပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ တောင်ဥက္က လာပမြို့နယ်အသင်းဥက္ကဋ္ဌ ဦးမြကျော်နှင့် တက်ရောက်လာကြသူများက   ကန်တော့ခံ သက်ကြီး ဆရာကြီး   ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ရွတ်ဆိုကန်တော့ ကြပြီး      ကန်တော့ခံပစ္စည်း ငွေသားနှင့်  ပူဇော်ကန်တော့ကြသည်။


ထို့နောက်  ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်  ဆရာကြီး ဆရာမကြီးများကိုယ်စား ပူဇော် ကန်တော့ခံ       သက်ကြီးစာပေ ပညာရှင်တစ်ဦးက ဆုပေးသြဝါဒ စကားပြောကြားသည်။


ယင်းနောက်     မြန်မာနိုင်ငံ စာရေးဆရာအသင်း တောင်ဥက္ကလာပမြို့နယ်အသင်းက  ၂၀၂၁ ခုနှစ်    အမျိုးသားစာပေဆုရ ဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့အား ထပ်ဆင့်ဂုဏ်ပြု၊ ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုလွှာနှင့် ငွေသားဆု ချီးမြှင့် ပေးအပ်သည်။


မြန်မာနိုင်ငံ စာရေးဆရာအသင်း တောင်ဥက္ကလာပမြို့နယ်၏ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို  ကျင်းပခဲ့ရာ ယခုနှစ် ၂၀၂၂ ခုနှစ်သည် (၂၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယနေ့ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် သက်ကြီးပညာရှင် ၃၅ ဦး   တက်ရောက် ပူဇော်ကန်တော့ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.