ချောင်းသာ၊ ရွှေသာယာမြို့မစျေး၌ ပလပ်စတစ်အိတ်ဖြင့် ဈေးရောင်းချခြင်း မရှိစေရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

 



ချောင်းသာ ဒီဇင်ဘာ ၂၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နယ် စည်ပင်သာယာရေး ကော်မတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံး ပလပ်စတစ်အိတ်များ လျှော့ချ သုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့်  ဈေးမရောင်းရနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက ရွှေသာယာ မြို့မစျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့  စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်လှမိုးနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများလိုက်ပါ၍ ဈေးရောင်းချသူများ အနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း ရှိ/ မရှိ၊  ငှက်ပျောဖက်၊ အင်ဖက်၊ သတင်းစာ စက္ကူများဖြင့်သာ ထုပ်ပိုးရောင်းချစေရေးတို့ကို စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။


 

ချောင်းသာမြို့တွင် တစ်ခါသုံး ပလပ်စတစ်အိတ်များ လျှော့ချသုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့သတ်မှတ်ပြီး စျေးရောင်း၊ စျေးဝယ်များ ပလပ်စတစ် လျော့ချသုံးစွဲရေးတို့ကို စျေးများအတွင်း လှည့်လည်အသိပညာပေးခြင်းများနှင့် လိုက်လံစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ချောင်းသာ(ပြန်/ဆက်)

 

No comments

Powered by Blogger.