ငဖဲမြို့နယ် ရင်းရှည်ကျေးရွာတွင် ဆင်းရွှေကြာ-၂ ဆောင်းနေကြာသီးသန့်စိုက်ခင်းစံကွက်ရိတ်သိမ်းရာ တစ်ဧက အစိုထွက် (၁၁.၅၉)တင်း ထွက်ရှိ

 



ငဖဲ  ဒီဇင်ဘာ ၂၃


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ သီးသန့်စိုက်ခင်းစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက ရင်းရှည်ကျေးရွာအုပ်စု ရင်းရှည်ကျေးရွာမှ တောင်သူဦးခင်မောင်သန်း၏ ကွင်းအမှတ်- ကြေးတိုင်ပြင်ကွင်း၊ ဦးပိုင်အမှတ်(၂၅) ဧရိယာ(၅.၂၅)ဧက ရှိ ဆင်းရွှေကြာ -၂ ဆောင်းနေကြာသီးသန့်စိုက်ခင်း၌ မြို့နယ်ဦးစီးအရာရှိ ဦးကျော်လင်းထွန်းနှင့် တိုက်နယ်ဝန်ထမ်းများက  (၆၆"× ၆၆" ) ပတ်လည် (၀.၁၀)ဧကရှိ စံကွက်အား ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧကအစိုထွက် ၁၁.၅၉  တင်း ထွက်ရှိကြောင်း သိရသည်။


အဆိုပါဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းအောင်နှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး က အထွက်နှုန်းသိရှိနိုင်ရန်အတွက် စံကွက်ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေးပြောကြား၍  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လင်းထွန်း က ၂၀၂၂-၂၀၂၃ ဆောင်းနေကြာများစိုက်ပျိုးပြီးစီးမှုနှင့် စိုက်ပျိုးပြီးသည့် ဧရိယာအပေါ် တစ်ဧကအထွက်နှုန်း မှန်ကန်စွာ ရရှိနိုင်ရန်အတွက် စံကွက်ရိတ်သိမ်းရခြင်း ဖြစ်ကြောင်း တက်ရောက်လာသည့် တောင်သူများအား အသိပညာ ပေးပြောကြားသည်။


ငဖဲမြို့နယ်တွင် ဆောင်းနေကြာသီးနှံစိုက်ပျိုးမှုကို ကျေးရွာအုပ်စု (၂၂)အုပ်စုမှ တောင်သူများ၏ လယ်မြေများနှင့် ကိုင်းမြေများတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် (၂၃၉၈)ဧကစိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ (၄၅၅)ဧက  ကို စိုက်ပျိုးပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။


မယု(ငဖဲ)

No comments

Powered by Blogger.