(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ




ပဲခူး ဒီဇင်ဘာ ၂၇


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၂၇) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မိခင်များနှင့် ပြိုင်ပွဲဝင်ကလေး များ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်မှ အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့၊ မူလတန်းကြိုကျောင်းပြင်ဆင်ရန်အတွက် အလှူငွေကျပ် ၄၅၈၉၀၀၀ နှင့် လွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအတွက် လှူဒါန်းငွေ(၂၆)သိန်းတို့အား ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်စိုးစိုးသက်မှ ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာထံသို့ ပေးအပ်လှူဒါန်းသည်။


ယင်းနောက် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့် ဥက္ကဋ္ဌတို့မှ မွေးကင်းစမှ(၆)လအထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများ ဆုများပေးအပ်ချီးမြှင့်ပြီး အကဲဖြတ်ဆရာဝန်များနှင့် သူနာပြုများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့တို့သည် ပြိုင်ပွဲကလေးများအား လှည့်လည်ကြည့်ရှုပြီး လက်ဆောင်ပစ္စည်းများနှင့် နေ့လည်စာတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ကလေးပြိုင်ပွဲတွင် ပဲခူးမြို့ပေါ်ရပ်ကွက်ပေါင်း(၃၁)ရပ်ကွက်မှ မွေးကင်းစမှ(၆)လအထိ ပြိုင်ပွဲဝင်(၁၉)ဦး၊ (၆)လမွ(၁)နှစ်အထိပြိုင်ပွဲဝင်(၁၃)ဦး၊ (၁)နှစ်မှ (၁)နှစ်(၆)လအထိ ပြိုင်ပွဲ(၂၈)ဦး၊ စုစုပေါင်း(၆၀) ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)



No comments

Powered by Blogger.