တပ်ကုန်းမြို့၌ လူဦးရေစာရင်း မှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေး သင်တန်းပို့ချ

 



တပ်ကုန်း ဒီဇင်ဘာ ၂၇


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးမှ လူဦးရေစာရင်းမှန်ကန်ရေး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေး သင်တန်းပို့ချခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် ဥတ္တရခရိုင်၊ ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးမင်းခိုင်ဝင်းက (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဥတ္တရခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်လီဝင်း၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းမင်းနှင့် တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ၊ မသန်စွမ်း(၅)မျိုး စာရင်းကောက်ယူခြင်းနှင့်လုံခြုံရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေးပို့ချသည်။


တပ်ကုန်းမြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှု ကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်(ပြန်/ဆက်)

No comments

Powered by Blogger.