ဘိုကလေးမြို့နယ်တွင် ဘင်ခရာတီးခတ်နည်း သင်တန်းဖွင့်

 



ဘိုကလေး ဒီဇင်ဘာ ၂၃


ကျောင်းသား ကျောင်းသူများအနေဖြင့် ဒီဇင်ဘာ ကျောင်းပိတ်ရက်ကာလအား အကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ဂီတနှင့် ကျွမ်းဝင်မှုရှိစေရေး၊ လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဘိုကလေးမြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသား ကျောင်းသူများအား မြို့လယ် ချိုကြည်သာသနာ့ဗိမာန်တွင် ဘင်ခရာတီးခတ်နည်း သင်တန်းပို့ချပေးလျက်ရှိသည်။


အဆိုပါ သင်တန်းအား ဒီဇင်ဘာ (၂၂)ရက်နေ့မှ စတင်ကာ ဒီဇင်ဘာ(၂၆)ရက်နေ့ထိ (၅)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသက်နိုင်နှင့် တပ်ဖွဲ့ဝင်များမှ ဂီတနုတ်များဖြင့် စနစ်တကျ ပုလွေမှုတ်နည်း၊ ဘင်ခရာတီးခတ်နည်းများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ အလယ်တန်း ကျောင်းသား ကျောင်းသူ(၅၀)  တက်ရောက်ကြကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)



No comments

Powered by Blogger.