ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တာဝေးစက်ဘီးစီးပြိုင်ပွဲမှ ပြိုင်ဝင်များ ချောင်းသာမြို့မှ ရွှေသောင်ယံမြို့သို့ ဆက်လက်ထွက်ခွာ

 



ချောင်းသာ ဒီဇင်ဘာ ၂၃


ဧရာဝတီတိုင်းသေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပုသိမ်-ချောင်းသာ-ရွှေသောင်ယံ တာဝေးစက်ဘီးပြိုင်ပွဲမှ ပြိုင်ပွဲဝင်များသည် ယနေ့နံနက် ၈ နာရီ (၃၀)မိနစ်အချိန်ခန့်က ချောင်းသာမြို့သို့ ရောက်ရှိခဲ့ပြီး ချောင်းသာ-ရွှေသောင်ယံလမ်းမှ ရွှေသောင်ယံမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။


တာဝေးစက်ဘီးပြိုင်ပွဲသည် မောင်းတိန်းနှင့် ပြိုင်ဘီး အသင်းလိုက်ဖိတ်ခေါ်ပြိုင်ပွဲဖြစ်ပြီး ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှ နံနက်(၆) နာရီက တာလွှတ်ယှဉ်ပြိုင်လာခဲ့ခြင်းဖြစ်ပြီး ရွှေသောင်ယံ မြို့ Sea & Lake Garden သို့ ပန်းဝင်ရမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဧရာဝတီတိုင်းသေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပုသိမ်-ချောင်းသာ-ရွှေသောင်ယံ တာဝေးစက်ဘီးပြိုင်ပွဲမှ ဆုရရှိသူများကို ရွှေသောင်ယံမြို့ Sea & Lake Garden တွင် ဆုပေးပွဲအခမ်းအနားကျင်းပ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ချောင်းသာ(ပြန်/ဆက်)

No comments

Powered by Blogger.