နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံကျော်အဆိုတော် မြန်မာပြည် သိန်းတန်၏ ကြယ်ကလေးများ၏အနာဂတ် တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှုအားပေး



နေပြည်တော်  ဒီဇင်ဘာ  ၂၃


၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်ကလေးများ၏ အနာဂတ် တစ်ကိုယ်တော်  သီဆို ဖျော်ဖြေပွဲကို   ယနေ့ညပိုင်းတွင်   နေပြည် တော်ရှိ ဇေယျာသီရိဗိမာန်သဘင် ဆောင်အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေးသည်။


အဆိုပါ သီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  အောင်လင်းဒွေး၊   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရုံး/ဌာန အသီးသီးမှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ဦးစွာ မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က ရတနာပုံ၊  အောင်စေ-တည်စေ- ညီစေ၊ ယောသူတို့ရွာ၊ မဗေဒါ၊  စနေထောင့်မှာပန်းလှူမယ်၊    မြစ်ဆုံသို့လွမ်းစိတ်မပြေ၊  ရွှေသုန္ဒရီ၊  သောကတောင်တန်း၊  ချစ်သူချင်းမို့ သိနားလည်၊ ကောင်းသောည စသည့် တေးသီချင်းများဖြင့်သီဆို၍  တေးသရုပ်ဖော် များဖြင့်  ဖျော်ဖြေတင်ဆက်ကြရာ   တက်ရောက်လာကြသူများက ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှု အားပေးကြသည်။


သီဆိုဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က မြန်မာပြည် သိန်းတန်နှင့် အဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၃၀ဝ ကိုပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယခုသီဆိုဖျော်ဖြေတင်ဆက်မှုသည်   မြန်မာ နိုင်ငံအနှံ့အပြားရှိ  မိဘမဲ့ကလေးများ   (ရင်ခွင်မဲ့ ကလေးများ)အား ထောက်ပံ့ကူညီဆောင်ရွက်နိုင်ရေးအတွက်   တေးသံရှင်မြန်မာပြည်သိန်းတန်နှင့် အဖွဲ့က သီဆိုဖျော်ဖြေတင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။                                   

သတင်းစဉ်

No comments

Powered by Blogger.