နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်



နေပြည်တော်    ဒီဇင်ဘာ  ၂၃


မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  ကက်သလစ်ဆရာတော်ကြီးများ၊   မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် မြန်မာနိုင်ငံ ခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့တို့က   စုပေါင်းကျင်းပပြုလုပ် သည့်     ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး    ပန်းဘဲတန်းမြို့နယ်   ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်း ထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး      မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်   ဇနီး   ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   မြို့တော်ဝန်၊  မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ    ကက်သလစ် သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော် ကြီးများ၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ    ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံ    ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊     မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ် လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်   Holy Cathedral Church သို့   ရောက်ရှိကြရာ   ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက် အခမ်းအနားကို စတင်ကျင်းပပြီး   သိက္ခာတော်ရဆရာ စောစံအောင် (MCMC) က  ခရစ္စမတ် ဆုတောင်းပြီး “ယေရှုကြွလာတော်ကျူး” ဓမ္မသီချင်းကို    သံပြိုင်သီဆိုချီးမွမ်းကြ သည်။ ထို့နောက်  သိက္ခာတော်ရဆရာ စောစမ်စန်(MBC)က ခရစ်ယာန်အဖွဲ့ချုပ် ကြီးကိုယ်စား     ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က    ခရစ္စမတ်   နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ခရစ်ယာန်ဘာသာဝင် များအနေဖြင့် ခရစ္စမတ် ပွဲတော်ဝတ်ပြု ကိုးကွယ်မှုအစီအစဉ်များကို   နှစ်စဉ် ဒီဇင်ဘာလတွင်  ကျင်းပကြလေ့ရှိပါကြောင်း၊ အထူးသဖြင့် နှစ်စဉ် ဒီဇင်ဘာလ ၂၅   ရက်ကို    ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခြင်း ဖြစ်သည့်အတွက်   ခရစ်ယာန်ဘာသာဝင်များ၏ ထူးကဲကြီးမြတ်သည့် နေ့ထူးနေ့မြတ် ဖြစ်ကြောင်း ကိုလည်း ဂုဏ်ပြုပြောကြား လိုပါကြောင်း၊ ယခုကဲ့သို့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ်      အခါသမယတွင် ခရစ်ယာန် ဘာသာဝင်များနှင့်အတူ ပါဝင် ဆင်နွှဲရသည့်အတွက် များစွာဂုဏ်ယူပါ ကြောင်းနှင့်   ခရစ်ယာန်ဘာသာဝင်များ အားလုံးနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသား များအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားများ အားလုံး ခရစ်တော်၏ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာရှိကြပါစေဟု ထပ်လောင်း ဆန္ဒပြုမေတ္တာ ပို့သအပ်ပါကြောင်း။


ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှု ဆောင်ရွက်ခြင်း၏   အနှစ်သာရသည် လူသားမျိုးနွယ်များ အပေါ် ဘုရားရှင်၏ ကြီးမားလှသည့်    မေတ္တာတရားများ၊ ချစ်ခြင်းတရားများ၊ ကရုဏာတရားများ ကို မျှဝေပေးခြင်း၊     ပြသပေးခြင်းဖြစ်ပါ ကြောင်း၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာ တရား၊ ချစ်ခြင်း တရားများဖြင့် ခရစ္စမတ်၏အနှစ်သာရကို လူသားအားလုံးက တည်ဆောက်ကြရမည်   ဖြစ်ပါကြောင်း၊ သို့မှသာ  ငြိမ်းချမ်းသာယာဝပြောသည့် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းမှသည် အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ် ရောက်ရှိလာနိုင်မည်ဖြစ်ပါကြောင်း။


ကမ္ဘာပေါ်တွင် ကိုးကွယ်မှုဘာသာ များစွာရှိပြီး  အဓိကဘာသာကြီး လေးခု အဖြစ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတို့ကို သတ်မှတ်ထားကြပါကြောင်း၊ မည်သည့် ဘာသာကို    ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊   လောကုတ္တရာ ကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်ပြပေးနေသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ဘာသာတရားများ၏ ညွှန်ပြမှု အဆုံးအမများကို   လိုက်နာကျင့်သုံး၊ ကျင့်ကြံကြမည်ဆိုပါက ငြိမ်းချမ်းသာယာ သည့်   လူ့အသိုက်အဝန်း၊   ငြိမ်းချမ်း သာယာဝပြောသည့် နိုင်ငံအဖြစ်တည်ရှိနေ မည်မှာ ဧကန်မလွဲဖြစ်ပါကြောင်း။


မြန်မာနိုင်ငံတွင်ဘာသာကြီး လေးခုအပြင် အခြားသောဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပါကြောင်း၊ နိုင်ငံတော်အနေဖြင့်    အသိအမှတ်ပြု ထားသည့် ဘာသာများကို   တတ်နိုင်သမျှ    ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအခြေခံမူများ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့်သော် လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသား တိုင်းသည်    ဘာသာ  သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ဆောင်ရွက်နိုင်သော အခွင့် အရေးတို့ကို အညီအမျှရရှိစေရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း။


မြန်မာနိုင်ငံတွင် အများဆုံး ကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်ဘာသာ၊  အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားသော ဘာသာဝင်များသည် ရှေးနှစ်ပေါင်း ပဝေသဏီကတည်း ကပင်   အတူတကွ  နေထိုင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မည်သည့်ဘာသာကိုမျှ ထိခိုက် နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား    ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့်   နိုင်ငံတော်၏ ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမ ရင်း စိတ်ထားနှင့် တည်ဆောက်ခဲ့ကြပါ ကြောင်း၊ ဆက်လက်ပြီး တည်ဆောက်ကြ ရန်   လိုအပ်သကဲ့သို့    ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများ အချင်းချင်း၏အကြားတွင်   စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ ပြိုကွဲအောင် လုပ်ဆောင်နေမှု များကိုလည်း   အစဉ်သတိပြုကာကွယ်ကြရန် လိုအပ်သည်ကို လည်း ပြောကြားလိုပါကြောင်း။


ငြိမ်းချမ်းရေးနှင့်     ပတ်သက်ပြီး အနည်းငယ်   ပြောကြားလိုပါကြောင်း၊ ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း  ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်း ရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက်    အမြဲအသင့်ရှိနေပါ ကြောင်း၊ မြန်မာနိုင်ငံ၏    သမိုင်းကြောင်းအရ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်သည့် အစိုးရတိုင်း သည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း။


မိမိတို့အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပြီး  အားသွန် ခွန်စိုက်   ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊   ယနေ့  ကြွရောက်လာကြသည့် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံအသီးသီးမှ ဆရာတော်ကြီးများနှင့် ဘာသာပေါင်းစုံမှ အကြီးအကဲ များအနေဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ရေး အတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှ နည်းလမ်းများနှင့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်   ပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြားလိုပါ ကြောင်း၊ မိမိတို့နိုင်ငံအတွက် အမျိုးသား ရေးမျှော်မှန်းချက် နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံပေါ များရေးတို့ ဖြစ်ပါကြောင်း။


ဝိုင်းဝန်းဆောင်ရွက်

ဘာသာ သာသနာ၏ အဓိကအဆုံးအမမှာ “သာယာဝပြောခြင်း” ဖြစ်သည့်အတွက်  တိုင်းပြည် သာယာဝပြောရေး အတွက် မိမိဆန္ဒပြုသည့် ငြိမ်းချမ်းရေးနှင့်အတူ    လူသားအားလုံး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ထပ်မံတိုက်တွန်း လိုပါကြောင်း၊ စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ခြင်း သည်   သာယာဝပြောမှုကို ရစေမည်ဖြစ်ပါကြောင်း၊  စားရေရိက္ခာ ဖူလုံပေါများခြင်းသည်လည်း တိုင်းပြည် သာယာဝပြောခြင်းကို တိုက်ရိုက်အထောက်ကူပြုပါကြောင်း၊ ထို့ကြောင့် နိုင်ငံအဝှမ်းရှိ    ရဟန်းရှင်လူအားလုံး ကိုယ်စီ ထိန်းသိမ်းကြိုးစားလုပ်ဆောင် သွားကြရန်လိုပါကြောင်း။


၂၀၂၂ ခုနှစ်အတွက် ကျင်းပသည့် ခရစ္စမတ် နေ့ထူးနေ့မြတ်အခါသမယမှ စ၍ မြန်မာနိုင်ငံ၌ အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေး နှင့် ဘာသာတရားအားလုံး    ငြိမ်းချမ်းစွာ အတူလက်တွဲ      နေထိုင်ရေးဆိုသည့် ကောင်းမြတ် သော အခွင့်အရေးများကို နိုင်ငံသားများအားလုံး      ရရှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြပါဟု တိုက်တွန်းပြောကြားလိုပါကြောင်း။


လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ဝ၀ ကျော် ကာလက    ခရစ်တော်မွေးဖွားသည့် ညအခါသမယတွင်  ကောင်းကင်တမန် များက သိုးထိန်းနေသည့် သိုးထိန်းများကို ကိုယ်ထင်ရှားပြပြီး “ရှင်လုကာ အခန်းကြီး ၂ အခန်းငယ် ၁၄” တွင် ဖော်ပြထားသည့် “Peace on Earth and Good will  toward men” “မြေကြီးပေါ်တွင်လည်း ငြိမ်သက် ခြင်းရှိစေသတည်း၊   လူတို့အား  မေတ္တာ ကရုဏာ ရှိစေသတည်း”ဟု ပြောကြား ချက်အတိုင်း ယနေ့ ဝတ်ပြုကိုးကွယ်မှု အစီအစဉ်ကို   ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီ အပါအဝင် ခရစ်ယာန်ဘာသာ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများနှင့် ဆရာတော်များ၊ ပြည်ထောင်စုအဆင့်        ဌာနဆိုင်ရာ လူကြီးမင်းများ၊ တပ်မတော်အရာရှိကြီး များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ လူကြီးမင်းများ၊ အထူးဧည့်သည်တော်များနှင့်    နိုင်ငံသူ   နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ   ကျန်းမာ ချမ်းသာပြီး မေတ္တာတရားပွားများနိုင်ကြပါစေ၊ ပျော်ရွှင်ခြင်း၊    ရွှင်လန်းခြင်း၊   ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့်အတူ  ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာ အဖြာဖြာ ခံစားနိုင်ကြ ပါစေဟု   ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။


ယင်းနောက် Sr. Daisy(CBCM) က သမ္မာကျမ်းစာကို လည်းကောင်း၊ ဂိုဏ်းချုပ် ဆရာတော်ကြီး ဦးမြတ်ဆန်းက အပြန် အလှန်ဖတ်ကြားခြင်းကို လည်းကောင်း၊ သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦး က   ခရစ္စမတ်ဒေသနာတော်ကို   လည်း ကောင်း ဖတ်ကြားကြသည်။


ထို့နောက်   သိက္ခာတော်ရဆရာ ဒေါက်တာမျိုးဝင်းနှင့် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်း တို့က ကျေးဇူးတင်စကားနှင့်   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးအတွက် အထူးဆုတောင်းခြင်းတို့ကို ဆောင်ရွက်ကြပြီး “တိတ်ဆိတ် ည သန့်ရှင်းညကျူး” ဓမ္မသီချင်းကို သံပြိုင် သီဆိုချီးမွမ်းကြသည်။


ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေ ပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ် အခါသမယတွင် ခရစ်ယာန် ဘာသာဝင်များသာမက   ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ ကောင်းခြင်း မင်္ဂလာတို့ဖြင့်    ပြည့်စုံပါစေကြောင်း၊ မြန်မာ ပြည်သူပြည်သားအားလုံး စစ်မှန် သည့် ငြိမ်းချမ်းရေးရရှိကြပြီး ခန္ဓာစိတ်ဝမ်း ငြိမ်းချမ်းကြပါစေကြောင်း၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ အလုံးစုံတို့တွင် အဆင်ပြေ   ချောမွေ့ကြပါစေကြောင်း၊  ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက် ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေကြောင်း ခရစ္စမတ် ဆုတောင်းပေးသည်။


ယင်းနောက် ခရစ္စမတ်အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေးနှင့်   ပါဝင်ပေးခဲ့ သူများအားလုံးအတွက် ကျေးဇူးတော်  ချီးမွမ်းခြင်းဆောင်ရွက်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးနှင့်  သိက္ခာတော်ရ ဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ် အမှတ်တရမေတ္တာလက်ဆောင် ပန်းချီ ကားကို ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်နှင့် အလှူငွေများ ပြန်လည် ပေးအပ်သည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများ၊ မြန်မာ နိုင်ငံဧဝံဂေလိခရစ်ယာန်     မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာ ပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က တည်ခင်းဧည့်ခံသည့် မိတ်သဟာယ ညစာကို   အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်

No comments

Powered by Blogger.