(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား လှေလှော်ပြိုင်ပွဲကျင်းပ



မုဒုံ ဒီဇင်ဘာ ၂၃


အားကစားသည် နိုင်ငံတစ်        နိုင်ငံ၏ဂုဏ်၊ တစ်မျိုးသားလုံး၏ သိက္ခာဖြစ်ပြီး နိုင်ငံတော်အနေ ဖြင့်  အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာရေးကို အသွင် သဏ္ဌာန်အမျိုးမျိုး စီမံဆောင်ရွက် အကောင်အထည်ဖော်လျက်  ရှိကြောင်း ယနေ့နံနက် ၇ နာရီက မုဒုံမြို့နယ် မြို့မ (၄)ရပ်ကွက်ရှိ ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည့်  (၇၅)နှစ်မြောက် စိန်ရတု     လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား   မြို့နယ်  ၁၀ မြို့နယ်   လှေလှော်ပြိုင်ပွဲ     ဖွင့်ပွဲ အခမ်အနားတွင်     မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားသည်။


ဆက်လက်၍  မွန်ပြည်နယ် ဝန်ကြီးချုပ်က  (၇၅)   နှစ်မြောက် စိန်ရတု     လွတ်လပ်ရေးနေ့   အထိမ်းအမှတ်အကြို  မြို့နယ်  ၁၀ မြို့နယ် လှေလှော်ပြိုင်ပွဲကို  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်  ရေးနေ့ကို    ကြိုဆိုဂုဏ်ပြုရန်၊     မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန်၊    လှေလှော်      အားကစားနည်းကို ပြည်သူများ ပိုမိုစိတ်ဝင်စားလာစေရန်၊  ရိုးရာအားကစားကို တန်ဖိုးထားမြတ်နိုး တတ်စေရန်၊ ထူးချွန်ပြီး အရည် အချင်းပြည့်ဝသည့်    လှေလှော် အားကစား သမားများ မွေးထုတ်ပေးနိုင်ရန်   စသည့်ရည်ရွယ်ချက် ကောင်းများဖြင့်  ကျင်းပခြင်းဖြစ် ကြောင်း၊ မြို့နယ် ၁၀ မြို့နယ်လုံးမှ လှေလှော်အသင်း ၁၀ သင်းတို့က အားတက်သရော စိတ်အား         ထက်သန်စွာ ဝင်ရောက်ယှဉ်ပြိုင် ကြသည့်အတွက် များစွာအားရ ဝမ်းသာမိကြောင်းနှင့် လှေလှော် အားကစားသမားများအနေဖြင့် လည်း မိမိတို့၏ မြို့နယ်ဂုဏ်မြှင့်တင်နိုင်အောင်    အစွမ်းကုန် ကြိုးစား     ယှဉ်ပြိုင်သွားကြရန် ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ကျိုက်မရော မြို့နယ်  လှေလှော်အသင်းနှင့်    သံဖြူဇရပ်မြို့နယ်     လှေလှော်          အ သင်းတို့ ယှဉ်ပြိုင်လှော်ခတ်နေမှု ကို   ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.