မိုင်းဖြတ်မြို့နယ်၌ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 



မိုင်းဖြတ်   ဒီဇင်ဘာ   ၂၃


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြန်လည် တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးက မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြန်လည်တိုက်ဆိုင် စစ်ဆေးရေး၊ ဥပဒေနှင့်အညီ နေထိုင်သူများအနက် မှတ်ပုံတင်ပြည့်စုံသူများ  (Cross Check)ပြုလုပ်ခြင်းမှ ရရှိသည့် လူဦးရေစာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အမည်အကြိမ်ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းဆိုင်ရာများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့သည်။ 


ထိုနောက် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်များမှ တာဝန်ရှိသူများက  မြို့နယ်အလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးက လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် နှင့်အဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှောလမွန် (မိုင်းဖြတ်)

No comments

Powered by Blogger.