ပင်းတယမြို့ အခြေခံပညာကျောင်းများ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

 



ပင်းတယ ဒီဇင်ဘာ ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ အခြေခံပညာကျောင်းများ၌ ဒီဇင်ဘာလ ကျောင်းပိတ်ရက်များတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။


ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ"ခန်းမတွင် ယနေ့နံနက်ပိုင်းက စတင်ကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သက်ဆိုင်သည့် ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၈၀ တက်ရောက်သင်ကြားလျက်ရှိသည်။


ယင်းသင်တန်းကို ဒီဇင်ဘာ (၂၅) ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး၊ သင်တန်းသူ သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်နှင့် ထူးချွန်ဆုရရှိသူများအား အမှတ်တရဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။


အောင်ကိုဦး(ပြန်/ဆက်)



No comments

Powered by Blogger.