တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

 



တပ်ကုန်း ဒီဇင်ဘာ ၂၃


 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ပဉ္စမနေ့ပွဲစဉ်ကို ဒီဇင်ဘာ ၂၂ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

        

ပြိုင်ပွဲတွင် အောင်ဇေယျရပ်ကွက်အသင်းနှင့် မြဝတီရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြဝတီရပ်ကွက်အသင်းက အောင်ဇေယျရပ်ကွက်အသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘောလုံးအားကစား ဝါသနာရှင်များ စုစုပေါင်းပရိသတ် (၃၀၀) ကျော် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။


အဆိုပါဘောလုံးပြိုင်ပွဲတွင်  အုပ်စု(က)တွင် အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(ခ) ၊ မြဝတီရပ်ကွက်၊ စုပေါင်းအသင်း၊ အုပ်စု(ခ)တွင်  အနော်ရထာရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ရက်နေ့တွင် ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


(ခိုင်လေး)



No comments

Powered by Blogger.