ကျုံပျော်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစုပေးအပ်ပွဲပြုလုပ်



ကျုံပျော်  ဒီဇင်ဘာ ၂၃


နိုင်ငံ့စီးပွားမြှင့်တင်ရေး   ရန်ပုံ ငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော  သွင်းအားစုများဖြစ် သော ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းမှိုသတ်ဆေးနှင့် ယူရီးယားဓာတ်မြေဩဇာများ တောင်သူများ လက်ဝယ်သို့ ပေးအပ်ပွဲအခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ် ငါးကျီးဆူ ကျေးရွာအုပ်စု အောင်လံစုကျေးရွာ ရွှေပြည်စိုးဆန် စက်ဝင်းအတွင်း၌  ယမန်နေ့က  ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက မြို့နယ်အတွင်း တောင်သူများ      လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင် နေမှု  အခြေအနေနှင့် သွင်းအားစုများ  ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်က ကျုံပျော်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးနှင့် ပဲတီစိမ်းစီမံကိန်း လျာထားဧကများအပေါ် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖော်ဆောင်မှု အခြေအနေ၊ တောင်သူများ   တစ်ဧကသုံးစွဲရရှိမည့် သွင်းအားစုအခြေအနေနှင့်   ပြန်လည်ပေးသွင်းရမည့်  အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အတွင်း သွင်းအားစု  ဖြန့်ဖြူးရေးတာဝန်ယူ ဆောင်ရွက်သည့် လုပ်ငန်းရှင် ဦးရဲလင်းအောင်က သွင်းအားစုများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကတောင်သူများထံသို့ သွင်း အားစုများပေးအပ်ကာ တောင်သူများနှင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်   စာချုပ်ချုပ်ဆိုနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.