ကျေးရွာ(၁၀)ရွာ၌ VDP စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 



ကျေးသီး  ဒီဇင်ဘာ  ၂၈


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ(၁၀) ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၀၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


‌၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်လုံကျေးရွာ၊ ပန်ပိုကျေးရွာ၊ ဟွေမောင်ကျေးရွာ၊ နားယုတ်ကျေးရွာ၊ ခေးပေါင်းကျေးရွာ၊ နမ့်ဟိုကျေးရွာတို့တွင် မြေသားလမ်းသဲဗြုန်းခင်းခြင်း လုပ်ငန်း(၆)ခု၊ ကုန်ဆာကျေးရွာနှင့် ဝိန်းကောင်ကျေးရွာတို့တွင် ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း (၂)ခု၊ ဝမ်ကြူကျေးရွာတွင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း (၁)ခုနှင့် စန်စေကျေးရွာ တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၁)ခု စုစုပေါင်း လုပ်ငန်း(၁၀)ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။


အဆိုပါကျေးရွာရှိ လုပ်ငန်းပေါင်း (၁၀)ခုကို ကျေးရွာတစ်ရွာလျှင် VDP စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်းတစ်ရာ၊ ကျေးရွာပြည်သူထည့်ဝင်များကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဇူလိုင်လ ဒုတိယအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနူန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာ (၁၀)ရွာရှိ အကျိုးပြုအိမ်ခြေ(၃၈၃)အိမ်၊ လူဦးရေ(၁၈၇၆)ဦးတို့ကို အကျိုးပြုနိုင်ခဲ့သည်။


ကျေးသီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာပေါင်း(၅၃)ရွာ၊ လုပ်ငန်းပေါင်း(၅၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။


မောင်ခိုင်



No comments

Powered by Blogger.