ဆီဆိုင်မြို့နယ်၊ နောင်အယ်ကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း




ဆီဆိုင် ဒီဇင်ဘာ   ၂၈ 


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  ထပ်တိုး အကောင်အထည်ဖော် ဆောင်ရွက်မည့် နားခိုက်ကျေးရွာ အုပ်စု၊ နောင်အယ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါ ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဆီဆိုင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး  ဒေါ်နန်းနု က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကော်မတီဝင်များ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊‌‌ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက နောင်အယ်ကျေးရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်(၇)ဦးကို အများသဘော ဆန္ဒနှင့်အညီ အသီးသီးရွေးချယ်ပေးခဲ့ကြသည်။


နောင်အယ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေများကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာမှ ရွေးချယ်ထားသော လုပ်ငန်းများကိုကျေးရွာသူ/သားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး  ဒေါ်နန်းနု ထံမှ သိရသည်။


ချိုသန်းညွန့် (ကျေးလက်)



No comments

Powered by Blogger.