အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲ ကျင်းပ

 



မော်လမြိုင် ဇန်နဝါရီ  ၁၃


မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်း ဆင်းပွဲကို အစိုးရနည်းပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက  ပြုလုပ်သည်။


ယခုသင်တန်းသည် မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ လူငယ်၊ လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး သက်မွေးပညာ ရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သား ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


စည်သူ ခရိုင်(ပြန်/ဆက်) 



No comments

Powered by Blogger.