နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထူးအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး မှာကြား
နေပြည်တော်၊ ဇန်နဝါရီ ၁၆
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထူးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
အစည်းအဝေးသို့
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်
အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊
Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊
ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊
ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ လဟယ်မြို့နယ်၊ လေရှီး မြို့နယ်၊ နန်းယွန်းမြို့နယ်တို့မှ
ဒေသနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နာဂရိုးရာ စာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ
တာဝန်ရှိသူများ၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များ၊
ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးနိုင်မှုနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်သည်များကို
တင်ပြဆွေးနွေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
ဒေသဆိုင်ရာအချက်အလက်များ၊ နာဂဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှု၊
ကျေးလက်ဒေသများ မီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများထောက်ပံ့ပေးမှု၊
ပညာသင်ကြားရေး၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များတွင် ထောက်ပံ့ပေးမှုနှင့်
အဆောက်အဦများ ဆောက်လုပ်ပေးမှု၊ တောင်ယာလုပ်ငန်းမှ လယ်ယာလုပ်ငန်းသို့ ပြောင်းလဲနိုင်ရေး
လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ဆောင်ရွက်ပေးမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ
နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ချေးငွေများ ထုတ်ချေးပေးလျက်
ရှိမှုနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပံ့ပိုး
ဆောင်ရွက်ပေးလျက် ရှိမှုတို့ကိုလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နာဂဒေသအတွင်း တိုင်းရင်းသားလူမျိုးများ နေထိုင်မှု၊ ပန်းခင်း
စီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးလျက်ရှိမှုနှင့် မြေပြင်ကွင်းဆင်းစာရင်း
ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက် ရှိမှု၊ ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားလိုအပ်မှု၊
လမ်းပန်းဆက်သွယ်ရေး အဆင့်မြှင့်တင်ပေးစေလိုမှု အခြေ အနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လဟယ်မြို့နယ်၊
လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့မှ နာဂရိုးရာစာပေနှင့် ယဉ်ကျေး မှုကော်မတီအသီးသီးရှိ
တာဝန်ရှိသူများက ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးစေလို မှုများကို တင်ပြရာတွင်
နာဂရိုးရာနှစ်သစ်ကူး ပွဲတော်များကို နှစ်စဉ်ကျင်းပပြုလုပ်ရာတွင် မြေနေရာအခက်အခဲလိုအပ်လျက်ရှိမှု၊
ပညာရေး ကဏ္ဍ၊ အားကစားကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကို မြှင့်တင်
ဆောင်ရွက်ပေးစေလိုမှုတို့ကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး
တင်ပြချက်များနှင့်ပတ်သက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင်
နာဂဒေသအတွင်း ပွဲကြည့်စင်နှင့် ပြေးလမ်းပါ အားကစားကွင်း တစ်ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
ဆောင်ရွက်ပြီးစီးပါက ဒေသခံများအနေဖြင့်လည်း စနစ်တကျထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊
ပွဲတော်များပြုလုပ်ခြင်းသည် အမြဲတမ်း ဆောင်ရွက်သည် မဟုတ်သဖြင့် သီးခြားမြေနေရာ သတ်မှတ်ဆောင်ရွက်ခြင်းထက်
ပွဲပြုလုပ်သည့် စင်မြင့်များကို အလွယ်တကူ ဖြုတ်တပ်ဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်သင့်ကြောင်း၊
လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ရေအားလျှပ်စစ်ထုတ်ယူမှုများကို ဆောင်ရွက်ရာတွင် မြစ်၊
ချောင်းများကို ပိတ်၍ လျှပ်စစ်ထုတ်ယူခြင်းထက် တစ်ဖက်ပိတ်ပုံစံဖြင့် အမြဲတမ်း လျှပ်စစ်ဓာတ်အား
ရရှိသကဲ့သို့ အမြဲတမ်းရေရရှိရေးအတွက်လည်း စဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၅
ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အမီ ချင်းတွင်းမြစ်ကူး ထမံသီတံတားပြီးစီးရေးနှင့်
ထမံသီအထိ ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေး ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ထို့ပြင် စာရာမေရိတောင်ခြေရှိ လေရှီး - လဟယ် ဆက်သွယ်ထားသည့် မြေသားလမ်းကို အဆင့်မြှင့်တင်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ နာဂဒေသအတွင်း စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် စက်မှု အတတ်ပညာများပါဝင်သည့် အခြေခံပညာ အထက်တန်းကျောင်း တစ်ခုကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
ထိုမှတစ်ဆင့် သိပ္ပံအဆင့်အထိ အဆင့်ဆင့်တက်လှမ်း နိုင်ရေး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း
ဖြည့်စွက် ဆွေးနွေးပြောကြားသည်။
အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ
တင်ပြဆွေးနွေး
ထို့နောက်
တက်ရောက်လာကြသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များဖြစ်ကြသည့် ခရီဖိုင်းအသားခြောက် လုပ်ငန်းရှင်
ဒေါ်အလင်းသေးနှင့် Memory ရိုးရာ အထည်လုပ်ငန်းရှင် ဒေါ်ချယ်ရီပန်းတို့က အသား ခြောက်လုပ်ငန်းများကို
ဒေသတွင်းအဆင့်မှ ပြည်တွင်းဈေးကွက်များအထိ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့်
လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးစေရေးအတွက် လျှပ်စစ်မီး လိုအပ်ချက်ရှိမှု၊
ဒေသရိုးရာပစ္စည်းများနှင့် ယဉ်ကျေးမှုများ မပျောက် ပျက်စေရေးအတွက် ရိုးရာအထည်လုပ်ငန်းများကို
တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)
မြှင့်တင်ရေး ရင်းနှီးမတည်ငွေများဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို
ရှင်းလင်းတင်ပြကြသည်။
သက်ဆိုင်ရာကဏ္ဍအလိုက်
ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြား
ဆက်လက်ပြီး
လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက
နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရင်းနှီး မတည်ငွေများကို နိုင်ငံတော်မှ ထုတ်ပေးထားရှိမှုနှင့်
မှန်မှန်ကန်ကန်နှင့် အောင်မြင်အောင် ဆောင်ရွက် သွားရန်လိုအပ်မှု၊ စိုက်ပျိုးမွေးမြူရေးအတွက်
လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီ
ဆောင်ရွက်ပေးသွားမည် ဖြစ်သဖြင့် ဒေသတွင်းရှိ ဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်
လိုအပ်မှု၊ နာဂဒေသ အတွင်း လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်မည့် သယံဇာတများကို စူးစမ်းလေ့လာခြင်း
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နာဂဒေသအတွင်း ပညာရေးမြှင့်တင်ရေး လုပ်ငန်းများကို
ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဒေသတွင်း အခြေခံ ကျန်းမာရေးဝန်ထမ်းများ
ပြည့်စုံမှုရှိစေရေး စီမံ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို အသီးသီး ဆွေးနွေးပြောကြားကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆွေးနွေးဆောင်ရွက်ရန်လို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ နှင့်ပတ်သက်၍ ဆွေးနွေးမှာကြားရာတွင်
၂၀၂၃ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ချီးမြှင့်ပေးနိုင်ရေး ဖိတ်ကြားခဲ့ပြီး
တက်ရောက်ခဲ့ရသည့်အတွက်လည်း များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်
နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ
ဒေသများကို ကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ၊ တင်ပြချက်များအပေါ် တတ်နိုင်သရွေ့
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နာဂရိုးရာ
နှစ်သစ်ကူးပွဲတော်သို့ မလာရောက်မီကပင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး
အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် အဓိက အလေးထားစဉ်းစားခဲ့ပြီး ဒေသဖွံ့ဖြိုးရေး
အတွက် ဒေသတွင်နေထိုင်ကြသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် အကျိုးရှိပြီး ထိရောက်မှု
ရှိသည်ဖြစ်သဖြင့် ယခုကဲ့သို့ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး
အထူးအစည်းအဝေး ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို
ဆွေးနွေး တင်ပြနိုင်ရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ဒေသတစ်ခု
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြောင်းအရာများစွာရှိပြီး အထူးသဖြင့် စားရေ ရိက္ခာဖူလုံပေါများရေးပင်ဖြစ်ကြောင်း၊ နာဂဒေသတွင်
ဒေသဝမ်းစာ ဆန်ဖူလုံမှုမရှိသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် ပုံမှန်စားသုံးသည့် ဆန်များပိုမိုရရှိရေး
စပါးစိုက်ဧကများ ထပ်မံတိုးချဲ့ခြင်းနှင့် တစ်ဧက အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းများကို
ဆောင်ရွက်၍ရကြောင်း၊ သို့သော် နာဂဒေသသည် တောင်တန်းဒေသ ဖြစ်သည့်အတွက် စိုက်ပျိုးဧကများ
ထပ်မံတိုးချဲ့ရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် စားရေးကို အထောက်အကူပြုစေသည့် ဆန်စပါး
အထွက်တိုးအောင် ကြိုးစားစိုက်ပျိုးမှုအပြင် ဒေသတွင်း ဖြစ်ထွန်းသည့် “ဝ” ဥ စိုက်ပျိုးခြင်းများကိုလည်း
ဆောင်ရွက်၍ ရကြောင်း၊ စပါးစိုက်ပျိုးမှုများ တစ်ဧက အထွက်နှုန်း တိုးတက်စေရန်အတွက် မြေကို
စနစ်တကျ ပြုပြင်ဆောင်ရွက်ရန်လိုကြောင်း၊ တောင်ယာများစိုက်ပျိုးခြင်းထက် လှေကားထစ်ပုံစံ
ကုန်းမြင့်လယ် စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြစေလိုပြီး ဒေသတွင်းစားရေးဖူလုံစေရေး ကြိုးပမ်းဆောင်
ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာနည်းထက်
ခေတ်မီနည်းဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါက ပိုမိုဖြစ်ထွန်းမည်ဖြစ်ပြီး ဒေသအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အတွက် မျိုးကောင်းမျိုးသန့်များရရှိရန်၊ စိုက်ပျိုးမြေ
ကောင်းမွန်ရန်၊ တိရစ္ဆာန်များအတွက် အစာအာဟာရ များလုံလောက်စွာ ရရှိရန်လိုကြောင်း။
ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက်
ဒေသဦးစီးအဖွဲ့မှ ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊
အလားတူ ဒေသတွင်းမှ ထုတ်ကုန်များကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊
ရေရှည်ထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများ ကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊
လက်ဖက် စိုက်ပျိုးခြင်းကိုလည်း ဒေသထုတ်ကုန်တစ်ခုအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊
လက်ဖက်နှင့် ကော်ဖီကို နာဂဒေသ၏ အဓိက ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို
ကြောင်း၊ အလားတူ လိမ္မော်သီးနှင့်အခြားအသီးအနှံ များကိုစိုက်ပျိုး၍ ထုတ်ကုန်များကို
ပိုမိုတိုးတက် အောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသအလိုက် ထုတ်ကုန်များပိုမိုတိုးတက်
အောင် ထုတ်လုပ်ကြရန်လိုကြောင်း၊ လမ်းပန်း ဆက်သွယ်မှုများ ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက်
နိုင်ငံတော်အစိုးရမှ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။
ကျန်းမာရေးနှင့် ပညာရေး
ကုန်ထုတ်လုပ်မှုရှိမှသာလျှင်
ဝင်ငွေရှိမည်ဖြစ်ပြီး ဝင်ငွေရရှိမှသာလျှင် ဒေသတွင် နေထိုင်သူများနှင့် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်
ကြောင်း၊ အလုပ်အကိုင်များ ဆောင်ရွက်နိုင်ရန်၊ ပညာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေး ကောင်းမွန်ရန်အဓိကလိုအပ်ကြောင်း၊
၂၀၁၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ ယခင်သမ္မတကြီး ဦးသိန်းစိန်နှင့်အတူ လာရောက်ခဲ့စဉ်
နာဂဒေသ အတွင်း၌ ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက် ရှိကြောင်းကို တင်ပြချက်များအရ သိရှိခဲ့ရသဖြင့်
တပ်မတော်သားဆေးမှူးအရာရှိများကို စစ်ကိုင်း တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသရှိ ဝေးလံခေါင်ဖျားဒေသများမှ တိုက်နယ်ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်
ထမ်းဆောင်နိုင်ရေး စေလွှတ်၍ တာဝန်ပေးအပ်ခဲ့ ကြောင်း၊ ကျန်းမာရေးသည် အရေးကြီးပြီး ကျန်းမာ
ရေးကောင်းမွန်မှသာလျှင် အခြားကိစ္စရပ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးကုသမှုတစ်ခုတည်းသာမက ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်သွားလာစားသောက်မှုပုံစံရှိစေရေး
မိမိကိုယ် မိမိ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာ သင်ကြားရေးနှင့်ပတ်သက်၍ နာဂဒေသတွင်
ပညာရေးလိုအပ်ချက်ရှိသည်ကို တွေ့ရှိရပြီး ယခုအခါ ထိုက်သင့်သလောက် တိုးတက်လာပြီဖြစ်ကြောင်း၊
ကျောင်းသား ကျောင်းသူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့် တက်ရောက်အောင်မြင်ရမည် ဖြစ်ကြောင်း၊
ပညာရေးဝန်ထမ်း လိုအပ်ချက်များအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
ဒေသခံပြည်သူများ၏ အသိပညာ၊ အတတ်ပညာများ မြင့်မားစေရေး ပညာရေးကို အားပေး ဆောင်ရွက်ကြရန်
လိုကြောင်း၊ ပညာရေးမြှင့်တင်နိုင်ရန်အတွက်
မိမိတို့အနေဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို အလေးထား အားပေးဆောင်ရွက်ပေးလျက်ရှိပြီး
နာဂဒေသတွင် လည်း ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေး သွားမည်ဖြစ်သဖြင့် မိမိတို့၏
သားသမီးများအားလုံး ပညာတတ်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွား ရန်လိုကြောင်း။
၂၀၂၀
ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်
ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့မှ
တာဝန်ရှိသူများက ဥပဒေအရ ဖြေရှင်းခဲ့ခြင်း မရှိသဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေ
ကြေညာ၍ တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့
တာဝန်ယူ ထမ်းဆောင်ချိန်တွင် NLD ပါတီကို ထောက်ခံသည့် သူများက နိုင်ငံတည်ငြိမ်အေးချမ်းမှု
ပျက်ပြားစေရေး ဆူပူဆန္ဒပြမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေ ဖြင့် နိုင်ငံတော်ကို
ဥပဒေနှင့်အညီ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်လည်း ဥပဒေနှင့်အညီသာ
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ပေးနေ ခြင်းဖြစ်ကြောင်း။
နာဂဒေသအတွင်း
လျှပ်စစ်ဓာတ်အားဖူလုံစွာ ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်
လဟယ်ဒေသတွင်
လျှပ်စစ်ဓာတ်အားထပ်မံ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ လေရှီးဒေသတွင်လည်း
လေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နန်းယွန်းဒေသတွင်လည်း
လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသခံ ပြည်သူများအနေဖြင့်လည်း
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
နိုင်ငံတော်အနေဖြင့် ငွေကြေးများလိုအပ်ကြောင်း၊ ဒေသအလိုက် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက
နိုင်ငံတော်အတွက် ဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သည်များကို
နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အဆိုပါလုပ်ငန်း ရပ်များအားလုံး တိုးတက်အောင်
မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း
တိုက်တွန်း ဆွေးနွေးမှာကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသနှင့် မြို့နယ်
အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအတွက် လက်ဆောင်ပစ္စည်းများကိုပေးအပ်ရာ ဒေသအဆင့် ဌာနဆိုင်ရာများ
ကိုယ်စား ဒေသအုပ်ချုပ်ရေးမှူး ဦးနေမင်းသူနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကိုယ်စား
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းတို့က လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လဟယ်မြို့ အားကစားကွင်းအား
ပွဲကြည့်စင်နှင့် ပြေးလမ်းပါ အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် နိုင်မည့်
အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments