ပြည်ထောင်စုဝန်ကြီးဒေါက်ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီ
၁၆
ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းနှင့်အတူ
ယနေ့မွန်းလွဲပိုင်းတွင် နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် အခြေခံပညာ
အထက်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါ ကျောင်းခန်းမတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်
ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက
မိမိတို့တာဝန်ကျရာ ဒေသတွင် သစ္စာရှိရှိ တာဝန်ကျေပွန်အောင် ထမ်းဆောင်လျက်ရှိသော ဆရာဆရာမများ
အားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား
ကျောင်းသူများကို ဒေသအတွက်၊ နိုင်ငံအတွက် အားထားရမည့် ထူးချွန်ထက်မြက်သော နိုင်ငံသား
ကောင်းသမီးမွန်များဖြစ်အောင် ပြုစုပျိုးထောင်မွေးထုတ် ပေးစေလိုပါကြောင်း၊ ဆင်းရဲချမ်းသာ
တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အခြေခံပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးမိသားစုအားလုံး
စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လဟယ်မြို့နယ်
အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများက လိုအပ်ချက်များနှင့် သိရှိလိုသည်များကို
မေးမြန်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ ဆရာဆရာမများနှင့်ကျောင်းအတွက်
လိုအပ်သည် များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ပညာရေးမှူးရုံးသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းခွင်များ၊
တည်ဆောက်ဆဲ အဆောက်အဦ အသစ်ကို ကြည့်ရှုစစ်ဆေးကာ အချိန်မီပြီးမြောက်ရေးနှင့် အရည်အသွေး
ကောင်းမွန်ရေးအတွက် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်


No comments