မိုင်းယန်းမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

 



မိုင်းယန်း ဇန်နဝါရီ ၁၁


ခွေးရူးရောဂါပိုးကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းကျောက်ငင်းနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၂ ရက်နေ့ထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခွန်ရဲထွေး(ဆီဆိုင်)





No comments

Powered by Blogger.