၂၀၂၂ ခုနှစ်ကို အကျပ်အတည်းများ ကျော်ဖြတ်နိုင်သည့်နှစ်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

 



ဘန်ကောက် ဇန်နဝါရီ ၂

 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် နိုင်ငံခြားသားများအတွက် အိမ်ရှင်ကောင်းများဖြစ်စေရန်နှင့် အမျိုးသားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာများ ပြည့်ဝရေး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် ထိုင်းပြည်သူများအား ဒီဇင်ဘာ ၃၁ ရက်က တိုက်တွန်းထားသည်။

 

ယခင်က အကျပ်အတည်းအမျိုးမျိုးကို ဖြတ်ကျော်နိုင်သည့် ထိုင်းနိုင်ငံအတွက် အောင်မြင်မှုနှစ် တစ်ခုအဖြစ် ၂၀၂၂ ခုနှစ်ကို ရည်ညွှန်းကြောင်း ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားသည်။ ပြီးခဲ့သည့်နှစ်ကို ပြန်ကြည့်လျှင် ပထမဆုံးအောင်မြင်မှုမှာ ကိုဗစ်-၁၉ တိုက်ပွဲကို တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထိုင်းလူမျိုးများသည် အလုပ်များကို ပြန်လည်လုပ်ကိုင်နိုင်ပြီး ပုံမှန် အချိန်တစ်ခုတွင် အခြားသူများနှင့် တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.