တရားမအထူးအယူခံမှု (၂) မှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၂) မှု ရုံးထိုင်ကြားနာ

 



နေပြည်တော် ဇန်နဝါရီ ၂၃


ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ် ၄၈/၂၀၂၀ (စစ်ကိုင်း) ၊ ၄၉/၂၀၂၀ (စစ်ကိုင်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု ( ၂ ) မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူး အယူခံမှု အမှတ် ၁၁/၂၀၂၂ (မန္တလေး) နှင့် တရားမ အထူးအယူခံမှုအမှတ်၂၈/၂၀၂၀(ရှမ်း)၊ ၁၈/၂၀၂၁(မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူး အယူခံမှု (၂) မှု တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)

No comments

Powered by Blogger.