မွန်ဂိုလီးယားနိုင်ငံ၌ ရာသီဉတုဆိုးရွားမှု သတိပေးချက်ထုတ်ပြန်

 


ဇန်နဝါရီ ၁၁

မွန်ဂိုလီးယားနိုင်ငံမိုးလေဝသနှင့်သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးဆိုင်ရာအေဂျင်စီက ဖုန်၊ နှင်းမုန်တိုင်းနှင့် အအေးပိုလာမှုတို့နှင့်ပတ်သက်ပြီး ရာသီဉတုဆိုရွားမှုသတိပေးချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်နေ့မှစတင်ကာနောက်လာမည့်သီတင်းပတ်အစပိုင်းအထိ မွန်ဂိုလီးယားနိုင်ငံ၏ နေရာတော်တော် များများတွင် ညတွင်းချင်းအပူချိန်သည် အနုတ် ၄၀မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ထိုအေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့်ရက်များအတွင်း နိုင်ငံ၏အရှေ့ဘက်နှင့် တောင်ဘက် ဂိုဘီသဲကန္တာရတို့တွင် နှင်းများထူထပ်စွာကျဆင်းခြင်းနှင့် ဖုန်မုန်တိုင်းများတိုက်ခိုက်နိုင်ကြောင်း ထိုအေဂျင်စီကပြောကြားသည်။

သို့ဖြစ်၍ သဘာဝဘေးများကျရောက်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ကြရန် ယင်းအေဂျင်စီက တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.