မင်းတုန်းမြို့တွင် အသက်(၁၂)အောက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး




မင်းတုန်း ဇန်နဝါရီ ၁၂


မကွေးတိုင်းဒေသကြီး၊ သရက်ရိုင်၊ မင်းတုန်းမြို့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းလင်းအောင်တို့၏ ကြီးကြပ်မှုဖြင့် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


မင်းတုန်းမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူ (၅၂၆၀)အား ထိုးနှံပေးထားပြီး (၅)လပြည့်ပြီးသူ (၄၈၈၆)ဦးရှိရာ (၁၁၆၉)ဦး ၂၄.၄၈ ရာခိုင်နှုန်းအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.