သတင်းထုတ်ပြန်ချက်




အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်ကိစ္စ


အင်ဒိုနီးရှားနိုင်ငံ၊   နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ၁၁-၁-၂၀၂၃ ရက်နေ့   နံနက်ပိုင်းတွင်  အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌    ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့် Annual Press Statement ပြောကြားခဲ့ပြီး၊ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။

 မြန်မာနိုင်ငံအနေဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည့် အောက်ဖော်ပြပါ  ရပ်တည်ချက်များအတိုင်း  ဆက်လက် ရပ်တည်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ထပ်လောင်း အသိပေးဖော်ပြအပ်သည်-

(က) မြန်မာနိုင်ငံသည် အာဆီယံ၏ တူညီဆန္ဒ(၅) ချက် အကောင်အထည်ဖော်ခြင်းကို မိမိနိုင်ငံ၏ အမျိုးသား ရေး အကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု နှင့်  တစ်နိုင်ငံ၏  ပြည်တွင်းရေးကို  အဖွဲ့ဝင်တစ်နိုင်ငံ မှ   မစွက်ဖက်ရေး စသည့် အခြေခံမူများနှင့်အညီ စွဲမြဲစွာဆောင်ရွက်လျက်ရှိသည်။ 

(ခ) မြန်မာနိုင်ငံတွင်    ပါတီစုံဒီမိုကရေစီပြန်လည်ဖော် ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လွတ်လပ် သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်   ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

(ဂ) အာဆီယံသည်     စည်းမျဉ်းကိုအခြေခံသည့်  အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံအခြေခံ မူများနှင့်အညီ   တိတိကျကျလေးစားလိုက်နာရန် လိုအပ်ပြီး မြန်မာအစိုးရမှ ကြေညာထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်း များနှင့်မျှ    ထိတွေ့ဆက်ဆံခြင်းမပြုရန်  လိုအပ် ကြောင်းကို ထပ်လောင်းသတိပေးတိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ   ၁၂  ရက်

No comments

Powered by Blogger.