မြန်မာနိုင်ငံပြန်တမ်း


ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

၁။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို အစမ်းခန့်ကာလ ( ၁ ) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-

အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး

ရာထူး၊ ဌာန

(က) ပါမောက္ခ ဒေါက်တာအေဘီ ပါမောက္ခချုပ်

အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန

ကျန်းမာရေးဝန်ကြီးဌာန

( ခ )  ဦးအောင်ကျော်မိုး ညွှန်ကြားရေးမှူးချုပ်

ပြန်လည်ထူထောင်ရေးဦးစီးဌာန

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်

ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

၂။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် ကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။



No comments

Powered by Blogger.