ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော် ဇန်နဝါရီ ၁၄ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၃ ရက် နံနက်  ၁၁ နာရီ ၄၅ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးနှင့် မောင်းမကန်လမ်းထောင့်တွင် ဝင်းကိုကိုနိုင် ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း၊ ဇန်နဝါရီလ ၁၂ ရက် ညနေ ၆ နာရီ ၄၀ မိနစ်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ သစ်တောရုံး အနီးတွင် ခိုင်ဝမ်(ခ)အားဝမ် မောင်းနှင်ပြီး လီခိုင်လင့်နှင့် ရှောက်တုန်(ခ)အားတုန် တို့ လိုက်ပါလာသည့် CROWN အမျိုးအစားမော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်း တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထား ကြောင်း သိရသည်။


(ရဲပြန်ကြား)

No comments

Powered by Blogger.