ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်ရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပရေး တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး





နေပြည်တော် ဇန်နဝါရီ ၁၄  


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် နိုင်ငံတော်ဧည့်ဂေဟာရှိ ဟိုတယ်များ မြို့တော် အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် မင်္ဂလာသီရိဟိုတယ်၌ တွေ့ဆုံပြီး မြို့တော် နေပြည်တော်ကို “ GREEN CITY၊ CLEAN CITY၊ SMART CITY” ဖြစ်စေရန် လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာနမှလည်း Tourism Hub ဖြစ်စေရေးကို ကြိုးပမ်း ဆောင်ရွက်နေသည်ဖြစ်ရာ ဟိုတယ်များအနေဖြင့်လည်း နိုင်ငံတော်မှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မြို့တော်၏အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။


ယခုအခါ နေပြည်တော်သည် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လိုသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင် ရာ ဟိုတယ်များအနေဖြင့် သန့်ရှင်းမှု၊ သာယာလှပမှုနှင့် ဝန်ဆောင်မှု အရည်အသွေးများ ကောင်းမွန်တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံ တကာအဆင့်မီဟိုတယ်တစ်ခု ဖြစ်စေရေးအတွက် ဟိုတယ်တွင် ဝန်ဆောင်မှုပေးနေသူ များ အားလုံး၏ ဝတ်စားဆင်ယင်မှုမှအစ ဝန်ဆောင်မှုပေးသည်အထိ သပ်သပ်ရပ်ရပ် သန့်သန့် ရှင်းရှင်း သေသေသပ်သပ်နှင့် Neat and Tidy ဖြစ်ရန်လည်း အထူးအရေးကြီးပြီး ဧည့်သည် များစိတ်ချမ်းမြေ့စွာအပန်းပြေနားနေနိုင်စေရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ် ကြောင်း ပြောကြားပြီး ဟိုတယ်များသန့်ရှင်းသာယာလှပရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။


ထိုသို့တွေ့ဆုံစဉ် ဌာနဆိုင်ရာတာဝန်ရှိသူများက ရာဇသင်္ဂဟလမ်းမကြီး ဘေးဝဲယာရှိ အတွင်းလမ်းနှင့် ဟိုတယ်ဧရိယာအကြား သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတော် ဧည့်ဂေဟာများနှင့် ဟိုတယ်များအတွင်း သစ်ပင်ကြီးများ အလင်းဖွင့်ခြင်းနှင့် ချုံနွယ်များရှင်းလင်းခြင်း ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


နေပြည်တော်သည် နိုင်ငံ၏မြို့တော်ဖြစ်သည့်အတွက် နိုင်ငံတကာမှ ခရီးသွားဧည့် သည်များ လာရောက်သည့်အခါတွင် မြန်မာနိုင်ငံ၏ စံပြမြို့တော်အဖြစ် ပုံရိပ်ကောင်းများ စွဲထင်နေစေရေး၊  ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ အချက် အခြာ နေရာတစ်ခုအဖြစ် ဖြစ်ပေါ်လာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာန အနေဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.