ဗိုလ်တထောင်ခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




ရန်ကုန်  ဇန်နဝါရီ  ၃


(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်ဗိုလ်တထောင်ခရိုင်တွင် ယနေ့နံနက် ၆ နာရီက မိုက်ခရိုမာရ သွန်အပြေးပြိုင်ပွဲကို ကျင်းပသည်။


ဦးစွာ အားကစားသမားများက သိမ်ဖြူလမ်းဝန်ကြီးများရုံးရှေ့တွင် စုရပ်ပြုလုပ်၍ ပြိုင်ပွဲကျင်းပရေး ကော်မတီတာဝန်ရှိသူတစ်ဦးက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးရာ သိမ်ဖြူလမ်းမှ ကမ်းနားလမ်းကျောက်လမ်းအတိုင်း လမ်းမ‌တော်မြို့နယ် မော်တင်အထိ၊ ထိုမှ လမ်းမတော်တံတားအောက်မှပြန်လှည့်၍ လာလမ်းအတိုင်း ဝန်ကြီးများရုံးရှေ့တွင် ပန်းဝင်ခဲ့ကြသည်။ 


ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲကို ကျင်းပရာ အမျိုးသား၊ အမျိုးသမီးအသက် (၈နှစ်မှ၁၂ နှစ်)၊ (၁၃နှစ်မှ ၁၈နှစ်) (၁၈နှစ်မှ၅၀နှစ်)အထိ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် စတုတ္ထ ပဉ္စမမှအဆင့်(၁၅)အထိ ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း ကောင်း၊  ပန်းဝင်သူ(၃၇၀)ဦးကို တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)




No comments

Powered by Blogger.