တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး





တောင်တွင်းကြီး ဇန်နဝါရီ  ၁၂


မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသခံပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ် ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုများမရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊  မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆေးဝါး ပစ္စည်းအရောင်းဆိုင်(၁၁)ဆိုင်သို့ သွားရောက်ပြီး ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ /မရှိ၊ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသခံပြည်သူများထံ ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ဆေးဝါးပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ 


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.