တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် (Warking Group) မြေပြင် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းကွင်းဆင်း ဆောင်ရွက်





တနင်္သာရီ ဇန်နဝါရီ ၁၂


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ်မြို့ မောတောင်မြို့တွင် မြေပြင်ရှိ  ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းကို ယမန်နေ့က မြို့(Warking Group) မြေပြင်လူဦးရေစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ မှ ဦးဆောင်ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့များပါဝင်၍ ပြုစုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မောတောင်မြို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့တွင် မြို့အုပ်ချုပ်ရေးမှူးဦးသူရထွန်းနှင့် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ နယ်စပ်စခန်းရဲတပ်ဖွဲ့၊ အထက-မောတောင်မှဆရာများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ ပြည်သူ

စစ်ဌာနေ ဦးညွန့်စိုးနှင့်အဖွဲ့ဝင်များ ၊ မေတ္တာရေစင် ပရဟိတအဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီးဌာန (လဝကမှူး)ဦးဂမ်မော် ၏ကြီးကြပ်မှုဖြင့် မြို့မရပ်ကွက်-ပြည်ထောင်စု(၁)၊ ပြည် ထောင်စု(၂)လမ်း၊ အောင်သပြေလမ်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ ပြည်ထောင်စု(၁)လမ်းတို့အတွင်း မြေပြင်ရှိ အိမ်ထောင်စုလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မောတောင်မြို့-မြို့မရပ်ကွက်အတွင်း အိမ်ထောင်စု(၁၃၉)စု၊ လူဦးရေ ကျား(၂၈၀)ဦး+မ(၃၁၂)ဦး၊ ပေါင်း(၅၉၂)ဦးနှင့် မသန်စွမ်းအိမ်ထောင်စု(၁)စုတို့ကိုလည်းကောင်း၊  အလားတူ အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စု(၄၉)စု၊ လူဦးရေကျား(၉၄)ဦး+မ(၁၀၈)ဦး၊ ပေါင်း(၂၀၂)ဦး၊ (၂)ရပ်ကွက်ပေါင်း အိမ်ထောင်စု(၁၈၈)စုမှ လူဦးရေ ကျား(၃၇၄)ဦး+မ(၄၂၀)ဦး- စုစုပေါင်း(၇၉၄)ဦးတို့အား စာရင်းကောက်ယူပြုစုနိုင်ခဲ့ကြောင်း မြို့နယ်(လဝက)ရုံးမှ သတင်းရရှိသည်။


နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

No comments

Powered by Blogger.