တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင် ကွင်းဆင်းစစ်ဆေး
ဇီးကုန်း၊ ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ဇီးကုန်းမြို့နယ်၌ နွေစပါး တိုးချဲ့ စိုက်ပျိုးနိုင်ရေး
တည်ဆောက်ပြီးစီးခဲ့သည့် ဂွေးပင်ကုန်း ရေတံခါးကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးသီးနှံများအလိုက်
ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် (၂) သီးမှ (၃) သီး ပြောင်းလဲစိုက်ပျိုးနိုင်ရေး
အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာ ကြားသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ရွှေကြို့ပင်ကျေးရွာအုပ်စု၌ စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ပြီးစီးခဲ့သည့်
မြေဧရိယာ (၁၃၂) ဧကပေါ်၌ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး (ရတနာတိုး)
အစေ့ချ စိုက်ပျိုးနေမှုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊
ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဇီးကုန်း - သင်ကန်းရွှေဇလား -ဘော်ဘင်လမ်း (၁
ဒသမ၅) မိုင် ကွန်ကရစ်ခင်းနေမှုကိုလည်းကောင်း၊ နတ်တလင်းမြို့ နယ်၊ ကြခတ်ဝါးရုံ
ကျေးရွာအုပ်စုအနီး တောင်ညိုဆည် BDY-3LevelCrossing မှ ရန်ကုန်-ပြည် ကားလမ်းတစ် လျှောက်
ရေလမ်းကြောင်းရှင်းခြင်း၊ ရေလျှံထိန်း တာဘောင်ပြုလုပ်ခြင်းနှင့် ရိုးမြောင်းဖြတ်ရေထိန်းတံခါးငယ်
ပြုလုပ်ပြီးစီးမှုကိုလည်းကောင်း၊ နတ်တလင်းဆေးရုံ၊ တိုးချဲ့ (၂) ထပ်ဆောင်
တည်ဆောက်နေမှုကိုလည်းကောင်း၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာ အုပ်စုအတွင်း
ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား
လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments