ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးများ ကွင်းဆင်းစစ်ဆေး







ရန်ကုန် ဇန်နဝါရီ ၃


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် ယနေ့နံနက်ပိုင်းက စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၄၃) သင်တန်းဆင်းပွဲသို့ တက်ရောက် ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး က အမှာစကားပြောကြားသည်။


ထို့နောက် သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းသားခေါင်းဆောင် ဦးမြင့်သိန်းနိုင် ပုံသေဝန်ထမ်း၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနနှင့် သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသည့် ပထမ ဒေါ်စုမြတ်တိုး၊ အငယ်တန်းစာရေး၊ လှိုင်သာယာ(အရှေ့ပိုင်း) စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဒုတိယ မဝင့်ဝါချို၊ ပုံသေဝန်ထမ်း၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)နှင့် တတိယ ဒေါ်အေးငြိမ်း၊ အငယ်တန်းစာရေး၊ ပြည်သူ့ကျန်းမာရေး ဌာနတို့အား မြို့တော်ဝန်က သင်တန်းဆင်းအောင်လက်မှတ်နှင့် ထူးချွန်ဆုများ အား အသီးသီးပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ မြို့တော်ဝန်နှင့်ဝန်ကြီးတို့သည် နံနက် ၉ နာရီတွင် ကျင်းပသည့် ကျောက်တန်းမြို့နယ်၊ ဆင်ကန်ရပ်ကွက်၊ အောင်ချမ်းသာ(၆)လမ်း ကွန်ကရိလမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။ 


ကျောက်တန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် လမ်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကွန်ကရိလမ်း (၃၂၃) လမ်း ၅၁ မိုင် ၄ ဖာလုံ၊ AC/ကတ္တရာလမ်း (၄) လမ်း ၃ မိုင် ၂ ဖာလုံ၊ မြေလမ်း (၁၁) လမ်း ၂ မိုင် ၁ ဖာလုံ စုစုပေါင်းလမ်း (၃၃၈) လမ်း ၅၆ မိုင် ၇ ဖာလုံတို့ကို ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်ဝန်ကြီးတို့သည် နံနက် ၁၀ နာရီတွင် ကျောက်တန်း မြို့နယ်  အမှတ် (၂၀/၂၁) သီလဝါဆိပ်ကမ်း ဖွံ့ဖြိုးရေးဇုန်ရှိ Wilmar Myanmar ကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီဝင်းအတွင်း ဆန်စက်လုပ်ငန်း၊ စားသုံးဆီလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ဂျုံလုပ်ငန်းများနှင့် စပါးခွံလောင်စာဖြင့် လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်နေမှုတို့ကို လိုက်လံရှင်းလင်းပြသကြရာ မြို့တော်ဝန်နှင့် ဝန်ကြီးများက လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသည်။


အဆိုပါ Wilmar Myanmar ကုမ္ပဏီအနေဖြင့် သီလဝါဆိပ်ကမ်းတွင် ခေတ်မီဘက်စုံသုံး နိုင်ငံတကာ ဆိပ်ခံတံတားနှင့် မြေဖွံ့ဖြိုးရေးလုပ်ငန်းများကို BOT စာချုပ်ဖြင့် ဆောင်ရွက်ခြင်း၊ စီးပွားရေးရာလုပ်ငန်းများ ဂျုံနှင့်ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ စားသုံးဆီနှင့် ဆက်စပ် ထုတ်ကုန်လုပ်ငန်းများနှင့် ဆန်နှင့်ဆန် ဆက်စပ်ထုတ်ကုန်များကို ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအတွက် စပါးခွံသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်လျက်ရှိရာ ပုံမှန်ထုတ်လုပ်လျက်ရှိသော ဓာတ်အား စနစ်မှ (၁) လလျှင် လျှပ်စစ်ဓာတ်အား ယူနစ် ၁၂ သိန်းမှ ၁၄ သိန်းအထိ သုံးစွဲနေရာမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ယူနစ်  ၅၀၀၀ ထိ လျှော့ချသုံးစွဲနိုင်ခဲ့သည့်အတွက် အဆိုပါ လျှော့ချသည့် လျှပ်စစ်ဓာတ်အား ယူနစ်များသည် အများပြည်သူအတွက် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


သတင်းစဉ်

No comments

Powered by Blogger.