မဘိမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

 



မဘိမ်း ဇန်နဝါရီ  ၂         


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်နံနက်ပိုင်းက မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌  ပြုလုပ်ခဲ့သည်။


ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


မျိုးမင်း (ပြန်/ဆက်) 



No comments

Powered by Blogger.