မှော်ဘီမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

 



မှော်ဘီ ဇန်နဝါရီ  ၂


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့် စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းစိုးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါပြိုင်ပွဲသို့ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် (၅)သင်းနှင့် စားပွဲတင်တန်းနစ် ပြိုင်ပွဲဝင်(၁၂)ဦးတို့က ဆက်လက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ဝင်းဇော်(မှော်ဘီ)

No comments

Powered by Blogger.