မြင်းခြံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်အနားကျင်းပ



မြင်းခြံ ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို အထက(၁) ကျောင်းဝန်းအတွင်းတွင် ယနေ့ နံနက် ၇ နာရီက ပြုလုပ်ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ နှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊  ရဲဘော် အပေါင်းတို့အား အလေးပြုခဲ့ကြသည်။ 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က ဖတ်ကြားခဲ့သည်။ 


ထို့နောက် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်သော အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကဗျာ၊ စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များက အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)


No comments

Powered by Blogger.