(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ပြည်သူ့အကျိုးပြု စွမ်းစွမ်းတမံ ဆုချီးမြှင့်ပွဲကျင်းပ



မင်းပြား ဇန်နဝါရီ ၄


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက်(၄)နာရီ မိနစ်(၂၀)က မင်းပြားမြို့၊ ဦးဥတ္တမပန်းခြံ၌ ကျင်းပပြုလုပ်သည်။


ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး၊ သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ အား မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက ဖတ်ကြားပြီး တပ်မတော်အရာရှိများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက စာစီစာကုံး၊ ကဗျာဆောင်းပါး၊ မာရသွန်၊ ဘောလုံး၊ လွန်ဆွဲပွဲ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ၂၀၂၃ ခုနှစ် မင်းပြားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။



သိန်းနုအောင်


No comments

Powered by Blogger.