ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း
နေပြည်တော် ဇန်နဝါရီ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏဂုဏ်ရည်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ မဟာခိုနန်း ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သမ္မိဒ္ဓေါဒယကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ စိန်ဟင်္သာတကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ဓမ္မသုခပရိယတ္တိစာသင်တိုက်၊ လှိုင်မြို့နယ်ရှိ ရွာမကျောင်းတိုက်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ သဒ္ဓမ္မသိဒ္ဓိကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ မဟာဂန္တဝင် အုန်းတောကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုံပျံတောရ စက်တော်ရာကျောင်းတိုက်နှင့် အမရပူရမြို့နယ်ရှိ ရွှေကူကြီး ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဇောတိကာရာမ၊ အေးသာယာကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ တောရကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ကြောက်ချော ကျောင်း ပရိယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments