Facebook တွင် MRTV အမည်အသုံးပြု၍ လွှင့်တင်နေသော Page အတု (၁၇)ခု စိစစ်တွေ့ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
လူမှုမီဒီယာ Facebook တွင် MRTV အမည် အသုံးပြုပြီး လွှင့်တင်နေသော Page အတု (၁၇)ခု စိစစ်တွေ့ရှိရသည်။
ယင်း Page အမည်များမှာ MRTV
သတင်း၊ MRtv HD Page၊ MRTV News၊ MRtv Page၊ Mrtv သတင်း၊
Mrtv၊
Mr-tv
၊ Mr.TV၊ MRTV Entertainment၊ MRTV(Film/Television)၊ MRTV (Art & Entertainment)၊ MRTV (TV Network) ၊MRTV
News and Entertainment၊
MRTV LIVE၊
MRTV၊ MRTV-People
Voice၊ MRTV Real News တို့ဖြစ်ပြီး ၎င်းတို့ အနက် စဉ်ဆက်မပြတ် လွှင့်တင်နေသော Page (၄) ခု၏
Profile ပုံများကို
ဖော်ပြထားသည်။
အဆိုပါ Page များတွင် ဆူပူအကြမ်းဖက်မှုနှင့် ပဋိပက္ခသတင်းများ
ဦးစားပေး လွှင့်တင်နေပြီး ဖျော် ဖြေရေး၊ ပစ္စည်းရောင်းချခြင်းနှင့်
ဝန်ဆောင်မှုလုပ်ငန်းများ
ထည့်သွင်းထုတ်လွှင့်လျက်ရှိရာ
MRTV အမည်နှင့်
Logo အား
ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲနေသည့် Page အတုများဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ
သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်
No comments