ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုး ယခုနှစ် ဇန်နဝါရီလအတွင်း ၂၅ ရာခိုင်နှုန်း ကျဆင်း
ဟနွိုင်း၊ ဇန်နဝါရီ
၃၁
ဗီယက်နမ်နိုင်ငံ၏ ကန်သွယ်မှုတန်ဖိုးသည်
ယခုနှစ် ဇန်ဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၄၆ ဒသမ
၅၆ ဘီလီယံရှိခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း
အထိ ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံးက ဇန်နဝါရီ
၃၁ ရက်တွင် ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလအတွင်း
ပို့ကုန်မှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၀၈ ဘီလီယံရှိခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူကာလနှင့်
နှိုင်းယှဉ်ပါက ၂၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် သွင်းကုန်မှ ဝင်ငွေ အမေရိကန်ဒေါ်လာ
၂၁ ဒသမ ၄၈ ဘီလီယံရှိခဲ့ခြင်းကြောင့် ၂၈ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း
သိရသည်။
သို့ရာတွင် ဗီယက်နမ်နိုင်ငံသည်
ပြီးခဲ့သည့်နှစ်အတွင်းက နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇၃၂ ဒသမ
၅ ဘီလီယံရှိခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၅ ရာခိုင်နှုန်း
မြင့်တက်မှုရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံးက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်
No comments